လူမှုဝန်းကျင်ဆန်းစစ်မှုနှင့် စီမံခန့် ခွဲမှု အစီရင်ခံစာများ ဒယ်လ်ကိုကုမ္ပဏီ ထုတ်မပေး

0
433

ကံပေါက်ကျေးရွာတွင် သတ္တုတူး ဖော်နေသည့် ဒယ်လ်ကိုကုမ္ပဏီ၏ လူမှု ဝန်းကျင်ဆန်းစစ်မှုနှင့် စီမံခန့်ခွဲမှုအစီရင် ခံစာများ(EIA ၊ SIA ၊ EMP)ကို တောင်းခံ ထားသော်လည်း ကုမ္ပဏီဘက်မှ ဇူလိုင် ၂၈ ရက်အထိ ထုတ်မပေးသေးကြောင်း ဒယ်လ်ကို သတ္တုလုပ်ကွက် စောင့်ကြည့် ရေးအဖွဲ့ဝင်များက ပြောသည်။
ဇူလိုင်လ ၁၀ ရက်က ဒယ်လ်ကို သတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ဝင် ၁၀ ဦး လက်မှတ်ရေးထိုးကာ ကုမ္ပဏီသို့ စာပို့ တောင်းဆိုခဲ့သည့်အပြင် ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်လည်း ကုမ္ပဏီတာဝန်ရှိသူများထံ သွားရောက် တောင်းခံသော်လည်း ယင်းအစီရင်ခံ စာကို ထုတ်မပေးဟု ၎င်းတို့က ပြောသည်။

“ကုမ္ပဏီ တာဝန်ရှိသူတွေက ဝေ့လည် ကြောင်ပတ် လုပ်နေကြတယ်၊ သတ္တု လုပ်ငန်းတွေမှာEIA ၊ SIA တွေရှိရမယ်၊ ခုက သူတို့မှာ မရှိသေးဘူးလားလို့ သံသယ ဖြစ်မိတယ်” ဟု ကံပေါက်သတ္တုတွင်း စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးကျော်မိုးဦးက ပြောသည်။
၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သတ္တုတွင်းဥပဒေအရ သတ္တုတွင်း လုပ် ငန်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက် များအနက် သဘာဝပတ် ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်မှု ဆန်းစစ် ခြင်း အစီရင်ခံစာEIA ၊ SIA နှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီ ရင်ခံစာ(EMP) ရေးဆွဲရမည် ဖြစ်ကြောင်း ဦးကျော်မိုးဦးက ဆိုသည်။

ယင်းကိစ္စ မေးမြန်းရန် တနင်္သာရီ အပတ်စဉ်မှ ဒယ်လ်ကိုကုမ္ပဏီ တာဝန်ရှိ သူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်ရာ တနင်္သာရီ အပတ်စဉ်မှဟု မိတ်ဆက်ပြီး သည်နှင့် ဖုန်းချခဲ့သည်။
နောက်ထပ် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် မဖြေကြား ခြင်း၊ ဖုန်းမကိုင်ခြင်းများကြောင့် မေးမြန်း ခွင့် မရခဲ့ပေ။
တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကမူ ဒယ်လ်ကိုကုမ္ပဏီ၏ အစီရင်ခံစာကို တိုင်းအစိုးရအဖွဲ့သို့ ပေးပို့ထားပြီး ဖြစ်သည်ဟု ပြောသည်။

“ကုမ္ပဏီအနေနဲ့ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသင့်တယ်”ဟု ဦးမြင့်မောင်က ပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ သတ္တု တွင်းလုပ်ကွက် စောင့်ကြည့်ရေး အဖွဲ့ များသည် လက်တွေ့ကျကျ ကွင်းဆင်း စိစစ်နိုင်ရန် အချက် ၃၆ ချက်ပါ ကွင်း ဆင်းဆန်းစစ်ချက်ဇယား(Check List)နှင့်တကွ သတ္တုတွင်းလုပ်ငန်း များ အား စောင့်ကြည့်ရာတွင် လက်ကိုင် ထားမည့် အခြေခံမူများ၊ သတင်းအချက် အလက် ရယူပိုင်ခွင့်များ စသည်တို့ ပါဝင်သော အစီရင်ခံစာကို ဇူလိုင်လ ၂၁ ရက်နေ့က တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားသည်။
တနင်္သာရီတိုင်းအတွင်းရှိ သတ္တု တွင်းလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ များကို အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှင့် ဩဂုတ်လမှအစ စတင်ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။