လွှတ်တော်ဟစ်တိုင်ကွင်း ဝါကျွတ်မှ လာဟစ်ပါ

0
434

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သစ်နဘေးရှိ ဟစ်တိုင်ကွင်းသစ်အား ယခုနှစ်ဝါကျွတ်တွင် ဖွင့်လှစ်မည်ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
မြန်မာပြက္ခဒိန်အရ သီတင်းကျွတ် လပြည့် ဝါကျွတ်ပြီးချိန် (အောက်တို ဘာလ ၅ ရက်အလွန်)တွင် လွှတ် တော်သစ်ဖွင့်ပွဲကို ကျင်းပပြီးသည်နှင့် ဟစ်တိုင်ကွင်းအား စတင်ဖွင့်လှစ်မည်ဟု ဦးခင်မောင်အေးက ပြောသည်။

“လွှတ်တော်ကိုလည်း ဝါကျွတ်မှ ဖွင့်မှာပါ၊ ဝါတွင်းမှာ အိမ်ပြောင်း ရာပြောင်း မလုပ်ကောင်းတော့လေ”ဟု ဦးခင်မောင်အေးက ဆိုသည်။
လာရောက်စုဝေး၊ ဟောပြော၊ ဆန္ဒပြလိုသူများအနေဖြင့် ထားဝယ်မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေအတိုင်း ဆောင်ရွက် ကာ ဟစ်တိုင်နေရာ အသုံးပြုခွင့်အတွက် လွှတ်တော်ရုံးတွင် လျှောက်ထားရမည်ဟု ၎င်းက ပြောသည်။

ဟစ်တိုင်ကွင်းတွင် မည်သည့် အကြောင်းအရာ၊ မည်သည့် အဖွဲ့အစည်း ကိုမဆိုကန့်သတ်ချက်မရှိ ဆန္ဒထုတ်ဖော် နိုင်သည်ဟု ၎င်းက ပြောသည်။
ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ရန် နေရာနှစ်ခု၌ ခွင့်ပြုချက် လျှောက်ထား ရမည်ဆိုခြင်းမှာ မဖြစ်သင့်ဟု ထားဝယ် တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။
“ဟစ်တိုင်ပါဆိုမှဟစ်ဖို့ ခွင့်ပြုချက် တောင်းခံ ရဦးမယ်ဆိုတာတော့ သဘာဝ မကျဘူး၊ ဘယ်မှာမှ ခွင့်ပြုချက် တောင်း ခံစရာ မလိုဘဲ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံဆန္ဒပြနိုင်အောင် စီမံထားသင့် ပါတယ်” ဟု ကိုဝေဖြိုးက ပြောသည်။

ထို့ပြင် လက်ရှိ ဟစ်တိုင်ကွင်းနေရာ မှာ အချက်အချာမကျသဖြင့် လူစိတ် ဝင်စားမှု နည်းပါးသည့်နေရာဖြစ်ပြီး ဟစ်တိုင်ကွင်းအား မြို့လယ်၊ သို့မဟုတ် လွှတ်တော်ရှေ့ မျက်နှာ၊ သို့မဟုတ် ဝန်ကြီး အိမ်ရာနှင့် လွှတ်တော်ကြား နေရာတွင် ဖြစ်သင့်သည်ဟု ၎င်းက ထောက်ပြသည်။
လက်ရှိလွှတ်တော်ကွင်မှာ ထား ဝယ်မြို့စွန်ရှိ တိုင်းဒေသကြီးလွှတ်တော် သစ်ဝင်း၏ အနောက်ဘက်တွင် တည် ဆောက်ထားပြီး လူအသွားအလာနည်း သည့် ကမ်းနားလမ်းနှင့်ပင် အလှမ်း ကွာသဖြင့်ချောင်ကျလွန်းသည်ဟု ဝေဖန်မှုအချို့ ရှိနေသည်။

ဟစ်တိုင်ဟောပြောစင်ကို လွှတ် တော်အား ကျောခိုင်းကာ ဆောက်ထား သဖြင့် ဟောပြောသူက လွှတ်တော်ကို ကျောခိုင်းဟောပြောရမည့် အနေအထား ဖြစ်သည်။