တရားမဝင် ငှက်သိုက်များ ဖမ်းမိ

0
556

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကျပ်သိန်း တစ်ရာတန်ဖိုးရှိသည့် တရား မဝင် ငှက်သိုက်များ သယ်ဆောင်လာ သူကို ဇူလိုင်လ ၂၆ ရက်က ဖမ်းမိခဲ့ ကြောင်း ခရိုင် သစ်တောဦးစီးဌာန ထံမှ သိရသည်။
မောတောင်နယ်စပ်မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် တစ်စီးအား တနင်္သာရီတံတားတွင် စစ် ဆေးခဲ့ရာ ငှက်သိုက် ၇ ဒဿမ ၉၀ ပိဿာကို ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင် သစ်တောဦးစီးဌာနထံမှ သိရသည်။

“ဘာ အထောက်အထားမှ မပါဘူး၊ သယ်မယ်ဆိုရင် သယ်ယူခွင့် မျှောစာပါ ရမယ်” ဟု ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘခင် က ပြောသည်။
ဇီဝဇိုးငှက်သိုက်များကို မြို့နယ် ကျော် သယ်ယူမည်ဆိုပါက သစ်တောဦး စီးဌာနတွင်သယ်ယူခွင့်မျှောစာ ထုတ်ယူ ခွင့်ရှိကြောင်း ၎င်းက ဆိုသည်။
တရားမဝင် ငှက်သိုက်များကို သယ်ဆောင်လာသည့် ယာဉ်မောင်း အား တနင်္သာရိမြို့မ ရဲစခန်းတွင် တောရိုင်း တိရစ္ဆာန်၊ သဘာဝအပင်များကာကွယ် ရေးနှင့် သဘာဝ နယ်မြေများထိန်းသိမ်း ရေး ဥပဒေပုဒ်မ ၃၆ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယင်း ရဲစခန်းက သိရသည်။