ကော့သောင်း-ဘုတ်ပြင်းကား လမ်းပေါ် ချောင်းကူးတံတား ပြိုကျ

0
432

ချောင်းရေတိုက်စားမှုကြောင့် ကော့သောင်း- ဘုတ်ပြင်းကားလမ်းပေါ် ရှိ မဟဲချောင်းကူးတံတားသည် ဇူလိုင်လ ၂၆ ရက်နေ့က ပြိုကျခဲ့ကြောင်း ဘုတ်ပြင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနထံမှ သိရသည်။
ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမောက် ကျေးရွာအုပ်စုတောင်ဒဂုံဆီအုန်း ကုမ္ပဏီ အနီးရှိ မဟဲချောင်းကူးတံတားသည် ည ၁၁ နာရီအချိန်ခန့်တွင် ချောင်းရေစီး ကြမ်းပြီး ရေတိုက်စားမူကြောင့် တံတား တိုင် အောက်ခြေမြေကျွံကာ တံတား အလယ်ပိုင်း နိမ့်ဆင်းရာက ကျိုးကျခဲ့ခြင်း ဖြစ်သည်။

မဟဲချောင်းကူးတံတားသည် အလျား ပေ ၉၀၊ အနံ ၁၈ ပေရှိသည့် ကွန်ကရစ် တံတားဖြစ်ပြီး တံတားပြန်လည်ပြင် ဆင်ရန် ၁၀ ရက်ကြာမည်ဟု မြိတ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးထွန်းလွင်က ပြောသည်။
တံတားပြုပြင်နေသည့် အချိန်တွင် အများပြည်သူသွားလာမှု လွယ်ကူစေရေး အတွက် ဘေလီတံတားတစ်စီး ဆောက် လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
လက်ရှိအချိန်တွင် တံတားပေါ် လူဖြတ်သန်းသွားလာနိုင်ရန် ပျဉ်များ ခင်းထားပြီးကားဆိုင်ကယ်များ ဖြတ်သန်း သွားလာ ခွင့်မပြုကြောင်း သိရသည်။