ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲ ပြုလုပ်မည်

0
470

ထားဝယ်တက္ကသိုလ် ကျောင်းသား များသမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲကို ဩဂုတ်လ ၁၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲဖြစ် မြောက်ရေး ဦးဆောင်နေသူများထံမှ သိရသည်။
လက်ရှိတွင် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ ရှိသော် လည်း သမဂ္ဂအမှုဆောင်အဖွဲ့ မရှိသေး သည့်အတွက် ယင်းသို့ ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်နေသည့် သမဂ္ဂအဖွဲ့ဝင် ကိုဝေယံကျော်က ပြောသည်။

ယင်းရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ဇူလိုင်လ ၂၄ ရက်တွင် ဘာသာရပ် ဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်းသွား မည်ဖြစ်ပြီး ထိုနေ့တွင်ပင် ရွေးကောက်ပွဲ ကြေညာစာတမ်းနှင့် ရွေးကောက်ပွဲပြု လုပ်မည်ကို ကျောင်းသားများအား အသိပေးသွားမည်ဟု ကိုဝေယံကျော်က ပြောသည်။
“ဆရာ၊ ဆရာမတွေနဲ့တိုင်ပင်ပြီး ကျောင်းစာသင်ခန်းတွေမှာ လိုက်ပြော ပြဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ပြော သည်။

လက်ရှိတွင် ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွင် အဖွဲ့ဝင် ၈၀ နီးပါရှိနေပြီဖြစ်ပြီး ကျောင်းသား အများစုသည် သမဂ္ဂကို နိုင်ငံရေးလုပ် သည့် အဖွဲ့အစည်းအဖြစ် ထင်မြင်နေဆဲ ဖြစ်ကြောင်း ကိုဝေယံကျော်က ပြော သည်။
ထားဝယ်တက္ကသိုလ်ကျောင်းသား များသမဂ္ဂကို ၂၀၁၂ ဇူလိုင်လ ၇ ရက်နေ့ ကတည်းက ဖွဲ့စည်းထားကြောင်း သိရ သည်။