ဖော့ကျေးရွာတွင် တစ်ရက်တည်း ကျောင်းသား ၁၀၀ခန့် ကျောင်းပျက်

0
387

ပုလောမြို့ ၊ တောင်ယာကမ်းကျေး ရွာအုပ်စု ၊ ဖော့ကျေးရွာ၌ ဇူလိုင် ၂၆ ရက်က ဖျားနာသည့် ကျောင်းသားများ အပါအဝင် ကျောင်းသား ၁၀၀ ခန့် ကျောင်းပျက်ကွက်သည့်အတွက် ကျန်း မာရေးအဖွဲ့မှ ယာယီဆေးခန်းလာဖွင့်ကာ ကုသပေးနေကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ထံမှ သိရ သည်။

မိုးများ၍ရွာလမ်း၌ ရေကြီးနေ သဖြင့် ကျောင်းပျက်သူနှင့် နေမကောင်း ၍ ကျောင်းပျက်သူ နှစ်ခုပေါင်း သွားသည့်အတွက် ယင်းသို့ ပျက်ကွက် ဦးရေ ၁၀၀ခန့် ဖြစ်သွားခြင်း ဖြစ်ကြာင်း အုပ်ချူပ်ရေးမှူး ဦးသိန်းနိုင်က ပြော သည်။

ဆေးခန်းလာပြသည့်ကျောင်းသား ၅၄ ဦးရှိပြီး ဖျားနာသည့် ကျောင်းသား ၂၃ ဦးသာရှိကြောင်း ရှပ်ပုံကျေးရွာ ကျန်းမာရေးမှူး ဦးအောင်ဆန်းမင်းက ပြောသည်။
“ထူးထူးခြားခြားစိုးရိမ်စရာ လက္ခဏာတစ်ခုမှ မရှိပါဘူး” ဟု ဦးအောင်ဆန်းမင်းက ဆိုသည်။

အဆိုပါကျောင်းမှာ မူလတန်းလွန် ကျောင်း ဖြစ်ပြီး ကျောင်းသားစုစုပေါင်း ၂၃၆ ဦးရှိကာ ဇူလိုင် ၂၆ ရက်နေ့တွင် ကျောင်းပျက်ကွက်သူ ၁၀၀ ဦးခန့်ရှိသည့် အတွက် ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက် ကိုကျောင်းပိတ်လိုက်ကြောင်း ဖော့ရွာမူ လွန်ကျောင်းမှ ကျောင်းအုပ်ဒေါ်အေး အေးခိုင်ထံမှ သိရသည်။