တနင်္သာရီတိုင်း သတ်သေမှု အများဆုံးလော

0
415

မြန်မာနိုင်ငံတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု နှုန်းထားမြင့်တက်လာပြီး တနင်္သာရီတိုင်းတွင် အမြင့်ဆုံး ဖြစ် ကြောင်း ယခုတစ်ပတ်ထုတ် The Voice Weekly ဂျာနယ်ပါ ဆောင်း ပါးတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း တစ်သိန်း လျှင် လေးဦးနှုန်းသို့ မြင့်တက် လာခဲ့ သည်။ ၂၀၀၀ ပြည့်နှစ်က လူတစ်သိန်း လျှင် သုံးဦးကျော်သာ ရှိခဲ့သည်။
တနင်္သာရီတိုင်းတွင်မှု မြန်မာ တစ်နိုင်ငံလုံး ပျှမ်းမျှသတ်သေမှုနှုန်း ထက်ပိုများပြီး ၂၀၁၆ ခုနှစ်တွင် အဆုံးစီရင်မှု ၁၀၀ ခန့်ဖြစ်ပွားခဲ့ကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။ ယင်းနှုန်းထားအတိုင်းဆိုပါက တနင်္သာရီ တိုင်း တစ်နှစ်အတွင်း လူတစ်သိန်းလျှင် ၆ ဦးကျော် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ ကြသည်။

မိသားစုစီးပွားရေး အဆင်မပြေမှု ကြောင့် တနင်္သာရီတိုင်းတွင် ထိုသို့ သတ်သေမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွေးက The Voice Weekly ကို ပြောဆိုထားသည်။
ထားဝယ်ဒေသခံတစ်ဦး ပြီးခဲ့သည့် အပတ်က မလေးရှားနိုင်ငံတွင် မိမိ ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သေးသည်။