ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ထိန်းချုပ်ရေး

0
981

အကြောင်းကြားပါ
ကြက်နာ ကြက်သေတွေ့လျှင် ချက်ချင်း အကြောင်းကြားပါ။
အကြောင်းကြားခြင်းဖြင့် –
+ ကြက်သေရခြင်းအကြောင်းရင်းကို သိရှိနိုင်ရမည်။
+ ကြက်ငှက်တုပ်ကွေးဖြစ်ပါက ကူးစက်မည့် အန္တရာယ်ကိုအချိန်မီ ထိန်း ချုပ်နိုင်မည်။
+ ကြက်မွေးသူ မိသားစုကို အချိန်မီ ကာကွယ်ပေးနိုင်မည်။

ကြက်နာ ကြက်သေတွေ့ရှိပါက ရ-ယ-က (သို့)မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားရန် လူတိုင်းတွင် တာဝန်ရှိသည်။
လူသို့ ကြက်ငှက်တုပ်ကွေး ရောဂါ မကူးစက်ရန် တားဆီးကာကွယ်ပါ။
+ ရောဂါဖြစ်နေသည့် ကြက်ငှက် တို့၏ မစင်၊ အရိုး၊ အသားတို့နှင့် ထိတွေ့ မှုအရလည်းကောင်း၊ လေမှ လည်းကောင်း လူသို့ ရောဂါကူးစက် ရရှိနိုင်သည်။
+ ကြက်မွေးမြူရေးခြံတွင် တစ် ဦးတစ်ယောက်ကို သီးခြားတာဝန်ပေးပါ။ ကျန်းမာရေးနှင့်ပြည့်စုံသည့် လူငယ် လူရွယ်ဖြစ်ရန်နှင့် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ ကြက်ခြံသို့ ဝင်ရောက်သွားလာခြင်း ရှောင်ကြဉ်ပါ။

+ ကြက်ငှက်များ၊ ကြက်ဥ၊ ကြက် သားနှင့် အသုံးအဆောင် ပစ္စည်းများ ကိုင်တွယ်ပြီးတိုင်း လက် ကိုဆပ်ပြာ နှင့်စင်ကြယ်စွာဆေးကြောပါ။
+ ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥများကို ဆူပွက်အောင်ချက်ပြုတ်လျှင် စိတ်ချစွာ စားသုံးနိုင်ပါသည်။
+ ကြက်သေများကို ချက်ပြုတ် မစားသောက်ပါနှင့်၊ ကြက်ဘဲအသေ များကို မြစ်ချောင်းထဲ လွှင့်မပစ်ရ၊ အ နက် ၆ပေ ကျင်းတူး၍ မြေမြှုပ်ပါ။
+ ကြက်ငှက်နှင့် ထိတွေ့ ကိုင် တွယ်ရသူအားလုံး (တိရိစ္ဆာန် ကျန်းမာ ရေးလုပ်သား၊ ရောင်းသူ၊ ဝယ်သူ၊ ကြက် ကိုင်သူ) တို့သည် လက်အိတ်တို့ ဝတ် ဆင်သင့်ပါသည်၊ လက်ခြေတို့ကို မကြာ ခဏဆေးကြောပါ။
+ ကြက်ငှက်များနှင့် ထိတွေ့ ပြီးနောက် ဖျားနာခြင်း၊ အသက်ရှု ကြပ် ခြင်း ဖြစ်ပေါ်လျှင် နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်ပြီး ဆရာဝန်၏ စစ်ဆေးကုသမှုနှင့် ညွှန်ကြားချက်များ အတိုင်း လိုက်နာပါ။

ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာ
+ ကြက်ငှက်များ ရုတ်တရက် သေဆုံးမှုများ၊ ဥကြက်မတွင် ဥနှုန်းကျ ဆင်းသွားခြင်း။
+ ကြက်များကုတ်၍ အစာစား နှုန်းကျကာ၊ ရေသောက်နှုန်းများပြီး ဝမ်းသွားခြင်း။
+ အသက်ရှူခက်ခဲခြင်း၊ မျက် ရည်နှင့် နှာရည်ကျခြင်း၊ ဦးခေါင်းနှင့်မျက် နှာဖောယောင်ခြင်း၊ အမောက်နှင့် ပါးဖော ယောင်၍ ပြာနှမ်းလာခြင်း။
+ ခြေထောက်နှင့် ခြေဆစ်တို့ အတွင်း သွေးယိုစီးသဖြင့် အနီစက် အပြောက်များ ဖြစ်ခြင်း။
ရောဂါကူးစက် ပျံ့နှံ့ခြင်း
ရောဂါပိုး လက်ခံရရှိသည့်အချိန်မှ ရောဂါပြသည့် အချိန်ထိ ၂ရက်မှ ၅ ရက် ကြာလေ့ရှိသည်။

ကြက်ငှက်မှ အခြား ကြက်ငှက်သို့ လည်းကောင်း၊ လူသို့လည်းကောင်း အောက်ဖော်ပြပါ အခြေအနေများမှ ရောဂါကူးစက်နိုင်သည်။
+ ရောဂါဖြစ်သောကြက်၊ ငှက်၏မစင်၊ နှာရည်တို့မှ တိုက်ရိုက်ကူးစက်ခြင်း။
+ ကြက်ဥဖောက်စက်တွင် ရော ဂါပိုးရှိသော ကြက်ဥ၊ ဘဲဥမှ ရောဂါ ကူး စက်နိုင်ခြင်း။
+ ကြက်ငှက် အသုံးဆောင် ပစ္စည်း (အိုးခွက်၊ ရေခွက်၊ ဥကျင်း)၊ ကြက်ခြံ လုပ်သားများ၏ အဝတ်၊ ဖိနပ်နှင့် ကြက်ခြံသို့ လူအဝင်အထွက်များအရ ရောဂါကူးစက်နိုင်ခြင်း။
+ တောရိုင်းကြက်ငှက်နှင့် တောဘဲ များသည် တုပ်ကွေးရောဂါပိုးကို သယ် ဆောင်ထားတတ်၍ ယင်းတို့နှင့် ထိစပ်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်ခြင်း။
ဇီဝလုံခြုံရေး (သို့) ရောဂါကာကွယ်ရေး
ကြက်ငှက်တုပ်ကွေးရောဂါ ကင်း ဝေးအောင် ဇီဝလုံခြုံမှုကို မွေးမြူရေး ခြံကြီးများ၊ ခြံငယ်များနှင့် တစ်နိုင် တစ်ပိုင်မွေးမြူသူများမှ အောက်ဖော်ပြပါ အတိုင်း လိုက်နာဆောင်ရွက်ပါ။
+ ကြက်ခြံရှိကြက်များကို တော ရိုင်းကြက်ငှက်၊ ရေနေငှက်သတ္တဝါများ၊ ရွှေ့ပြောင်းဆောင်းခိုငှက်များနှင့် ထိတွေ့ မှုမရှိစေရန် အစီအမံများအရ သတိပြု ကာကွယ်ပါ။

+ ပြင်ပမှကြက်ငှက်များ၊ ခွေး၊ ကြောင်၊ ကြွက်များ ကြက်ခြံ အတွင်းမဝင် ရောက်နိုင်ရေးအတွက် အစီအမံများပြု လုပ်ပါ။
+ အခြားကြက်ခြံမှ ပစ္စည်း၊ ယာဉ်စသည်တို့ ငှားရမ်းသုံးစွဲခြင်း ရှောင် ကျဉ်ပါ။
+ ကြက်ခြံသို့လူ၊ ယာဉ်အဝင် အထွက်ကန့်သတ်ရန်နှင့် ကြက်ခြံ လုပ်သားများအနေဖြင့် ဖိနပ်၊ အဝတ် များနှင့် ကြက်ခြံသုံး အသုံးအဆောင် ပစ္စည်းများကို ပိုးသတ်ဆေး ပက်ဖျန်းရန် လိုက်နာဆောင်ရွက်ပါ။
+ မွေးမြူရေးခြံလုပ်သားများ ကြက်ဈေးဒိုင်သို့ သွားရောက်ခဲ့ပါက လုပ်ငန်းသုံးဖိနပ်၊ အဝတ်များလဲလှယ်ပြီး မှ မိမိမွေးမြူရေးခြံလုပ်ငန်းများ ဆောင် ရွက်ပါ။
+ ပြည်ပမှ ကြက်သား၊ ကြက် အရှင်၊ မျိုးဥ၊ စားဥများနှင့် အလှမွေး တောရိုင်းကျေးငှက်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စစ်ဆေးမှုခံယူပြီး ခွင့်ပြုချက်ရရှိမှ တင်သွင်းပါ။

ကြက်ငှက်တုပ်ကွေးရောဂါအချိန်မရွေးကျရောက်နိုင်သည်။ သတိထားပါ။
+ ကြက်များကို စနစ်တကျမွေးမြူ ထိန်းသိမ်းထုတ်လုပ်ပါ။
+ ကြက်များကို ရောဂါပိုးများ မဝင်ရောက်နိုင်ရန် လုံခြုံမှုရှိသည့် ပတ်ဝန်းကျင် ဖန်တီးမွေးမြူပါ။
+ မွေးမြူရေးခြံအတွင်းသို့ လူ၊ တိရိစ္ဆာန်၊ တိရိစ္ဆာန်အစားအစာ၊ အသုံး ဆောင်ပစ္စည်းများနှင့် သက်ရှိ၊ သက်မဲ့ ဝင်ရောက်မှုကို စနစ်တကျထိန်းချုပ်ပါ။
+ ရောဂါပိုးရှိသောဘဲ၊ ဝက်နှင့် ကြက်တို့၏ ရောဂါပိုးများ ပေါင်းစပ် အသွင်ပြောင်းပြီး ကပ်ရောဂါကျရောက် လာနိုင်သဖြင့် ရောနှောမွေးမြူခြင်းကို ရှောင်ကျဉ်ပါ။
+ ခြံလှောင်မွေးမြူသည့် ကြက် ငှက်များသည် လယ်ကွင်းထဲရှိ ကြက် ငှက်များထက် ရောဂါဖြစ် တိရိစ္ဆာန်တို့ နှင့် ထိတွေ့မှုနည်းနိုင်သည့်အတွက် စနစ်တကျ ခြံလှောင်မွေးမြူပါ။