အခွန်ကြွေးကျန်ကင်းမှ ကမ်းဝေး ငါးဖမ်း၊ ငါးသယ် လိုင်စင်ထုတ်ပေးမည်

0
369

ကော့သောင်းခရိုင် အတွင်းရှိ ကမ်းဝေးငါးဖမ်းငါသယ်လှေများကို သက်ဆိုင်ရာ ကြီးကြပ်နှစ်အလိုက် ပြည် တွင်းအခွန်များ ဦးစီးဌာနတွင် အခွန် ထမ်းဆောင်ပြီးဖြစ်ကြောင်း ထောက်ခံ ချက်ပါမှသာ လိုင်စင် ထုတ်ပေးမည် ဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ် ငန်း ဦးစီးဌာနထံမှ သိရသည်။

ကော့သောင်းခရိုင်အတွင်း ကမ်းဝေးငါးဖမ်း ၂၀၆ စီး၊ ငါးသယ်လှေ ၄၄ စီးရှိပြီး ယင်းလှေများအားလုံး ဝင်ငွေ ခွန်၊ ကုန်သွယ်ခွန် အမြတ်ခွန် စသည့် အခွန်များ အခွန်ထမ်းဆောင်ရမည်ဖြစ် ကြောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အခွန်ကြွေးကျန်မှု မဖြစ်စေရန် အတွက် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးခင်မောင်ထွန်းက ပြောသည်။
တနင်္သာရီတိုင်အတွင်းရှိ ကမ်းဝေး ငါးဖမ်း ငါးသယ်လှေများ အားလုံး သက်ဆိုင်ရာ မြို့နယ်အလိုက် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက်ရှိမှ သာ ငါးလုပ်ငန်းဦးဌာနက လိုင်စင် ထုတ်ပေးရမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ငါးလုပ်ငန်းဦးဌာနက ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာထား ကြောင်း သိရသည်။