ထားဝယ်တွင် ငါးနှင့် ဟင်းသီး ဟင်းရွက်ဈေးတက်

0
354

ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကြောင့် ကြက်ဥနှင့် ကြက်သားရောင်းချခွင့်ပိတ်ပြီးနောက် ထားဝယ်တွင် ငါးနှင့်ဟင်းသီးဟင်းရွက်များ ရောင်းအား ပိုကောင်းလာပြီး ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ထားဝယ်တွင် ကြက်ဥနှင့် ကြက် သား ရောင်းချခွင့် ပိတ်ထားသည့် အပြင် ရန်ကုန်တွင်ဖြစ်ပွားလျက်ရှိသည့် H1N1 (အရပ်ခေါ် ဝက်တုပ်ကွေး(သို့) ရာသီ တုပ်ကွေးကြောင့် ဝက်သားကိုလည်း မဝယ်ကြ တော့သဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ငါးခြောက်က ရွှေဈေး ဖြစ်နေပြီ။ ချဉ်ပေါင်ရွက်က အရင်ကတစ်စည်းငါး ဆယ်ကနေအခုတစ်ရာနဲ့ဝယ်လာရ တယ်” ဟု ဆင်ဆိပ်ရပ်ကွက်နေ ဒေါ်တင်ကြည်ကပြောသည်။
ဒေသတွင် စားသုံးသူများသည့် ငါးယောင်ခြောက်(အရပ်ခေါ်ဒလုံး ခြောက်) တစ်ပိဿာလျှင် H5N1 မဖြစ်မီက တစ်ပိဿာ ၉၅၀၀ ကျပ် ဝန်း ကျင်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ပိဿာ ၁၄၀၀၀ ကျပ်အထိ ဈေးတက်လာသည်ဟု ဈေးဝယ် သူများ ထံမှ သိရသည်။
ကန်စွန်းရွက်သည်လည်း ယခင်က တစ်စည်းကျပ်ငါးဆယ်မှ သုံးစည်းနှစ်ရာ ကျပ် ဖြစ်လာသည်ဟု သိရသည်။

၎င်းအပြင် ငါးနှင့် အခြားဟင်းသီး ဟင်းရွက်များလည်း ဈေးတက်လာ ကြောင်း ဈေးဝယ်သူများက ပြောသည်။
ကြက်၊ ဝက် အသားများ စားရမည် ကိုကြောက်လာကြပြီး ကင်းမွန်နှင့် ပုစွန် များမှာဈေးကြီးသဖြင့်ငါးဝယ်သူ များ လာသည်ဟု ထင်ကြောင်း ထားဝယ်မြို့ ကမ်းနားဈေးတွင် ငါးရောင်းချနေသူ ဒေါ်လှဝေက ပြောသည်။

ထားဝယ်တွင် ကြက်ဥ၊ ကြက်သား ရောင်းချခွင့် ပိတ်ထားသော်လည်း လက် ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် အချို့ တွင် ကြက်ဥပါသည့် အစားအသောက် များကို ဇူလိုင်လ ၂၈ ရက်နေ့အထိ ရောင်းချနေကြဆဲ ဖြစ်သည်။