ကော့သောင်းနယ်စပ်တွင် အေးခဲ ကြက်သားတင်သွင်းမှု စပိတ်

0
416

ထားဝယ်မြို့တွင် အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါပိုးH5N1 တွေ့ရှိပြီးနောက် နယ်စပ် ကော့သောင်း မြို့တွင် ထိုင်းနိုင်ငံမှ အေးခဲကြက်သား တင်သွင်းမှုကို ပိတ်ပင်လိုက်သည်။
ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှ တစ် ဆင့် နေ့စဉ် တင်သွင်းနေသည့် အေးခဲ ကြက်သားများ ထပ်ပြီး မတင်သွင်းရန် ဇူလိုင် ၂၇ ရက်က စာထုတ် တားမြစ် လိုက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ မှ သိရသည်။

H5N1 ရောဂါကာကွယ်နိုင်ရန် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်ပြီး ကျန်း မာရေးအဖွဲ့များနှင့် ပူးပေါင်းကာ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဟု ကော့သောင်းမြို့နယ် အုပ်ချုပ် ရေးမှူး ဦးစိုးမြင့်သိန်းက ဆိုသည်။
“နောက်နေ့တွေကစပြီး ထပ် မသယ်ဖို့ တားထားတယ်။ လက်ရှိရှိ နေတာတွေကိုတော့ FDAအဖွဲ့တွေ ကျန်မားရေးအဖွဲ့တွေကို စစ်ဆေးခိုင်း ပြီးမှရောင်းချခိုင်းမှာ”ဟု ၎င်းက ဆိုသည်။

ဒေသအတွင်း ကြက်ခြံများကို လည်း ယင်းရောဂါပိုးအကြောင်း ကြို တင်ကြေညာထားပြီးစစ်ဆေးမူများ အမြဲလုပ်ဖို့ ညွှန်ကြားထားကြောင်း ဦးစိုးမြင့်သိန်းက ဆိုသည်။
လက်ရှိတွင် တုပ်ကွေးရောဂါ လက္ခဏာရှိ လူနာ မရှိသေးကြောင်း နှင့် ယင်းလူနာဟု သံသယရှိသူများကို ကုသ ရန် သီးသန့်အဆောင်များ ကြိုတင်ပြင် ဆင်ထားသည်ဟု ကော့သောင်းခရိုင် ဆေးရုံအုပ် ဒေါက်တာနေလင်းက ဆို သည်။

ကြက်ငှက်တုပ်ကွေး အန္တရာယ် ကင်းသည့် အချိန်ထိ လေ့လာစောင့်ကြည့် ကာ အေးခဲ ကြက်သား တင်သွင်းမူကို တားမြစ်ထားမည်ဟု ကော့သောင်း မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထံမှသိရသည်။