စားသောက်ဆိုင်များတွင် ကြက်ဥ ကြက်သားပါ အစားအစာရောင်းက ပြင်းပြင်းထန်ထန် အရေးယူမည်

0
471

ထားဝယ်မြို့နယ်ရှိ စားသောက် ဆိုင်များတွင်ကြက်ဥနှင့် ကြက်သား ပါသည့် အစားအစာရောင်းချပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း မြို့နယ် ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးအဖွဲ့ထံမှ သိရသည်။
ကြက်ငှက်တုပ်ကွေး အပြင်းစားH5N1 ဖစ်ပွားနေသည့်အတွက် ကြက် သား၊ ကြက်ဥ၊ ဘဲသား၊ ဘဲဥပါသည့် အစားအသောက်များ ရောင်းချနေခြင်းရှိ/ မရှိကို လိုက်လံစစ်ဆေးလျက်ရှိပြီး တွေ့ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများကို တိုင်ကြားနိုင်ကြောင်း အဆိုပါအဖွဲ့၏ အတွင်းရေးမှူးက ပြော သည်။

“ရောင်းချနေတယ်ဆိုတာကို လက် တွေ့ကျကျ သတင်းပေးဖို့ လိုတယ်၊ ဆက်ရောင်းနေမယ်ဆိုလည်း သူတို့ လောက် မိုက်မဲတဲ့သူရှိမှာ မဟုတ်ဘူး” ဟု အဆိုပါ အတွင်းရေးမှူးက ပြော သည်။

ကြက်ဥ ကြက်သား ရောင်းချမှုများ ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပထမ အဆင့်အနေဖြင့် ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဖြစ်ပြီး စည်ပင် သာယာရေးဥပဒေနှင့် ဒေသန္တရ အမိန့် ချိုးဖောက်မှုများအတွက် ထောင်ဒဏ် အထိ ချမှတ်သွားမည်ဖြစ်ကြောင်း မြို့နယ် ရောဂါ ကာကွယ်ထိန်းချုပ်တား ဆီးရေး အဖွဲ့အတွင်းရေးမှူးက ဆိုသည်။