လင်မယားနှစ်ဦး စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

0
337

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ပုလဲဒီပါရပ်ကွက်၊ အေးရိပ်ချောင်လမ်းမ ပေါ်တွင် ဇူလိုင် ၁၂ ရက်က WY စိတ်ကြွဆေးပြား ၄၀၀ ကျော်နှင့်အတူ လင်မယားနှစ်ဦးအားဖမ်းဆီးရမိခဲ့ ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

အဆိုပါလင်မယားနှစ်ဦး မောင်း နှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၆ ပြား၊ ငွေကျပ် ၅ သိန်းနှင့် ဖုန်းတစ် လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်း ဆီးရမိသည့် လင်မယားနှစ်ဦးတို့အား မြိတ်မြို့မ ရဲစခန်းက မယ(ပ) ၁၁၃/ ၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅၊၁၉(က)၊ ၂၀ (က)၊၂၁အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။