ယာဉ်ကျော်တက်ရန် အချက်ပြစနစ်ကို စက်တင်ဘာလ စမည်

0
397

လမ်းများတွင် နောက်မှ မော်တော် ယာဉ်များ ကျော်တက်နိုင်ကြောင်း မီး အချက်ပြမှု စနစ်အမှန်ကို လာမည့် စက်တင်ဘာလ ၁ ရက်တွင် ပြောင်းလဲ ကျင့်သုံးတော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးထံမှ သိရသည်။

မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေး ပြေးလမ်းများတွင် နောက်မှ ကျော်တက် မည့်ယာဉ်ကို ကျော်တက်နိုင်ကြောင်း ယာဘက်အချက်ပြမီးဖြင့် အချက်ပြမှုကို တစ်နိုင်ငံလုံးအနေဖြင့် တစ်ပြေးညီကျင့် သုံးတော့မည်ဖြစ်ကြောင်း တိုင်း ဒေသကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ယာဉ်မောင်း များက နောက်မှယာဉ်ကို ကျော်တက်နိုင် ကြောင်း ဝဲဘက်အချက်ပြမီးဖြင့် အချက် ပြနေကြသည်။
“အဝေးပြေးလမ်းတွေမှာ လိုက်စစ် ဖို့ မလွယ်တော့ ပညာပေးတာပဲ အဓိက လုပ်ရမယ်”ဟု တိုင်းဒေသကြီး ကညန ရုံးမှ အဆိုပါတာဝန်ရှိသူက ပြောသည်။
ယင်းစနစ်ကို စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံး ပြောင်းလဲကျင့်သုံးရမည်ဖြစ်သည်။