လှေလွန်းကျင်း လုပ်ငန်းခွင် အလုပ်သမားတစ်ဦး ရေနစ်သေဆုံး

0
432

မြိတ်မြို့၊ ကျွဲကူးကျေးရွာ ချမ်းမြေ့ သာရီရပ်ကွက်ရှိ ဧရာနဒီလွန်းကျင်း (လှေဒေါင့်) လုပ်ငန်းခွင်အတွင်း ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်က အလုပ် သမားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းကျေးရွာရဲကင်းစခန်းမှ သိရသည်။
ရေနစ်သေဆုံးသူသည် အသက် ၃၄ နှစ်ရှိပြီး လွန်းကျင်းတွင် အလုပ် သမားအဖြစ် လုပ်ကိုင်နေသည်မှာ ၃ နှစ် ရှိပြီဖြစ်ကြောင်း ယင်းလွန်းကျင်းမှ သိရသည်။

“လှေကိုထောင့်တင်တဲ့အခါ ရေ ငုပ်ပြီး လှေအောက်မှာတုံးခုရတယ်၊ တုံး ခုရင်းနဲ့ ခေါင်းဆောင့်မိသွားတာ ထင်တယ်၊ ပြန်မတက်လာတော့ဘူး” ဟု အဆိုပါ လှေလွန်းကျင်းမှ မန်နေဂျာ ဦးထွန်းက ပြောသည်။

ယင်းကဲ့သို့ ရေထဲမှ ပြန်ပေါ်မလာ သည့်အတွက် ဝိုင်းဝန်းရှာဖွေခဲ့ရာ မွန်း လွဲ ၃ နာရီအချိန်ခန့်တွင် အဆိုပါလှေ အောက်တွင် သေဆုံးလျက်ပြန်လည်တွေ့ ရှိရကြောင်း ဦးထွန်းက ပြောပြသည်။
ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိတ် မြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှု ဖွင့်ဆောင်ရွက်ထားကြောင်း ကျွဲကူး ရဲကင်းစခန်းထံမှ သိရသည်။