စပါးဈေး တက်ရိပ်ပြ

0
425

ရန်ကုန်ဆန်စပါးဈေးကွက်မှ ဝယ်လို အားရှိလာသဖြင့် ထားဝယ်ဒေသ အတွင်း စပါးဈေးအနည်းငယ်မြင့်တက် လာကြောင်း ထားဝယ်ဆန်စပါး ဈေး ကွက်အတွင်းမှ သိရသည်။
ယခင်က ထားဝယ်မှ ဆန်များကို မြိတ်နှင့်ပုလောမြို့များသို့ အဓိက ပို့နေ ရပြီး ဇွန်လအလယ်ခန့်မှစပြီး ရန်ကုန် ဆန် ဈေးကွက်သို့ တင်ပို့နိုင်လာသဖြင့် ဒေသအတွင်း စပါးဈေးတက်လာခြင်း ဖြစ်နိုင်ကြောင်း ထားဝယ်ခရိုင် ဆန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနိုင် လွင်လတ်က ပြောသည်။

“နည်းနည်းတက်နေတယ်၊ အရင် လက ၃၆၀၀ နဲ့ရောင်းထားတာ၊ အခုလေး ထောင်နဲ့ ဝယ်နေတယ်လို့ ကြားရတယ်”ဟု လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာမှ အသက် ၅၀ နီးပါးရှိ လယ်သမား အမျိုး သမီးတစ်ဦးမှ ပြောသည်။
စပါးဝယ်ယူရာတွင် တင်းတောင်း အရွယ်အစား အကြီးအသေးပေါ်မူတည် ကာ ဈေးနှုန်းကွဲပြားမှုများရှိပြီး လက်ရှိ ကျပ် ၄၀၀၀ ဈေးပေါက်နေသည့် ငစိန် စပါးအမျိုးအစားကို ၁၆ ပြည် ၁၇ ပြည် ဆန့် တင်းတောင်းဖြင့် ရောင်းချနေရ ကြောင်း ၎င်းက ပြောသည်။

ယခင်က ရန်ကုန် ဆန်စပါးဈေး အတက်အကျသည် ထားဝယ်နှင့်မဆိုင် သကဲ့သို့ ဖြစ်နေသော်လည်း လက်ရှိတွင် ရန်ကုန်ဈေးကွက်သို့ တင်ပို့နေပြီဖြစ်၍ လာမည့်နှစ်တွင် ရန်ကုန်ဈေးနှုန်းနှင့် သက်ဆိုင်လာလိမ့်မည်ဟု ဦးနိုင်လွင် လတ်က ခန့်မှန်းသည်။
ယခုနှစ်တွင် ဇွန်လလယ်ခန့်မှ ဇူလိုင်လလယ်ခန့်အထိ ခန့်မှန်း ဆန် တန်ချိန် ၇၅၀ မှ ၁၀၀၀ ခန့် ရန်ကုန် ဈေးကွက်သို့ တင်ပို့ပြီးဖြစ်ကြောင်း ဦးနိုင်လွင်လတ်က ပြောသည်။