မြန်မာနိုင်ငံသား ၂၃ ဦး ပတ်စ်ပို့လုပ်ပြီးအပြန် ထိုင်းစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရ

0
398

ထားဝယ်မြို့တွင် ပတ်စ်ပို့လာလုပ် ပြီး ထိုင်းနိုင်ငံသို့ ပြန်သွားသည့် မြန်မာ နိုင်ငံသား ၂၃ ဦးကို စစ်ဆေးရေးဂိတ်က ဇူလိုင်လ ၁၈ ရက်က ဖမ်းဆီးလိုက် ကြောင်း ဖူးကစ်မြို့ ရွှေ့ပြောင်းအလုပ် သမားများ ကွန်ရက်(MNP)ထံမှ သိရ သည်။

ထားဝယ်မှ ထိုင်းပြန်သွားသည့် မြန်မာနိုင်ငံသား ၂၇ဦးအနက် ဗီဇာသက် တမ်း ကျန်ရှိနေသူ ၄ ဦးကို ပြန်လွှတ် ပေးခဲ့ပြီး ၂၃ဦးကို ပတ်စ်ပို့ အတုပြု လုပ်သည်ဆိုကာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖက်ဘူရီခရိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်း ဆီးထားခြင်းဖြစ်ကြောင်း MNP အဖွဲ့ ထံမှ သိရသည်။

“ထားဝယ်ကနေ ပတ်စ်ပို့ လုပ်ပေး တဲ့သူကိုတော့ အတိအကျ မသိရသေးဘူး ၊ အတုလားအစစ်လားဆိုတာ သိရ အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ အကူအညီ တောင်းပြီး စုံစမ်းမှာပါ”ဟုMNP အဖွဲ့ ဥက္ကဋ္ဌ ဦးတ က ဆိုသည်။
ဖမ်းဆီးခံထားရသည့် နိုင်ငံ သားများသည် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကစ်မြို့တွင် နေထိုင်သူများဖြစ်ပြီး ပန်းရောင် ဘတ် (ထိုင်းအစိုးရက ထုတ် ပေးထားသည့် ယာယီနေထိုင်ခွင့် လက်မှတ်) ကိုင်ဆောင်ထားသူများ ဖြစ်ကြောင်း သိရသည်။