ကျိုက်ထိုတွင် ရေကြီး၊ ဒေသခံ ၃၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်း

0
527

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်း ခြင်းနှင့် တောင်ကျ ချောင်းရေများ ကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီး ရေလျှံမှုဖြစ်ကာ ဒေသခံ ၃၀၀၀ ခန့် ဇူလိုင်လ ၂၁ ရက်တွင် ဘေးလွတ်ရာ ယာယီရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ခိုလှုံနေရသည်ဟု ဒေသခံများ ထံမှ သိရသည်။
ကျိုက်ထိုမြို့ပေါ် တိုးချဲ့ ရပ်ကွက် များဖြစ်သည့် ကော့စနိုင်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်နှင့် သမလ ရပ်ကွက် တို့တွင် ရေလွှမ်းခံ ရပြီး အိမ်ခြေ စုစုပေါင်း ၆၀၀ ကျော်မှ လူ ၃၀၀၀ ခန့် ယာယီဘေး ကယ်ဆယ် ရေးစခန်း ၃ ခုတွင် ခိုလှုံ နေကြသည်ဟု ကျိုက်ထိုမြို့နယ် လူမှု ကူညီကယ်ဆယ် ရေးအသင်း ဒုဥက္ကဋ္ဌ ကိုစိုးသီဟက ပြောသည်။

ထို့အပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်လည်း ရေလျှံ မှု ဖြစ်ပွားခဲ့သည်။
ယာယီရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ ခိုလှုံနေကြရသူ များကို သက်ဆိုင်ရာမှ ကူညီဆောင် ရွက်ပေးနေသကဲ့သို့ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း၊ လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် မြို့ပေါ်လူထုများကလည်း ကူညီ ဆောင်ရွက်ပေးနေသည်ဟု ဒေသခံများ ထံမှ သိရသည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက်များတွင် နှစ်စဉ်နှစ်တိုင်း ရေကြီး ရေလျှံမှု ဒဏ် ခံရလေ့ရှိသော်လည်း ဒေသခံ ထောင် နှင့်ချီပြီး ဘေးလွတ်ရာ တိမ်းရှောင်ရ သည့် အခြေအနေမျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တုန်းကလည်း ဆိုးဆိုးရွားရွား ရေလွှမ်းခံခဲ့ရဖူးသည်ဟု ဒေသခံများက ပြောသည်။