ကော့သောင်းတွင် ပြည်တွင်း ဆင်းကတ်ထက် ထိုင်းဆင်းကတ်များ ပိုအရောင်းသွက်

0
365

ကော့သောင်းမြို့နယ်တွင် ပြည်တွင်း ဖုန်းလိုင်းများ ရရှိနေပြီဖြစ်သော်လည်း ထိုင်းဆင်းကတ်များ ရောင်းအား ကောင်း ဆဲဖြစ်ကြောင်း ကော့သောင်းမြို့ရှိ ဖုန်း အရောင်းအဆိုင်များထံမှ သိရသည်။
ပြည်တွင်းဆင်းကတ်များဖြစ်သည့် အူရီဒူး၊ တယ်လီနောနှင့် အမ်ပီတီ ဆင်း ကတ်များထက် ထိုင်းဆင်း ကတ်များ ဖြစ်သည့် 12 Call ၊Dtac ၊True စသည့် ဆင်းကတ်များက ပိုရောင်းရသည်ဟု ယင်းဖုန်းဆိုင်များက ဆိုသည်။
“ထိုင်း Sim Card က ပရိုမိုးရှင်း ကောင်းတယ်၊ ဖုန်းဘေဖြတ်တာရှင်း တယ်။ ပြည်တွင်းကတ်တွေက ဖုန်းဘေ ဖြတ်တာ သိပ်သဘော မပေါက်ကျတော့ အင်တာနက်သုံးသူတွေဆို ထိုင်းကတ်ကို ပိုဝယ်ကြတယ်”ဟုA1 ဖုန်းဆိုင်မှဆိုင် ရှင်ဒေါ်စောမေက ပြောသည်။
ထိုင်းဆင်းကတ်များအနက် 12 Call ဆင်းကတ်များ အရောင်းရဆုံးဖြစ် ကြောင်း သိရသည်။