တနင်္သာရီတွင် ခရီးသွားဇုန်ကြေး ကောက်မည်ဟုဆို

0
382

တနင်္သာရီတိုင်းတွင် ခရီးသည်များ သွားလာလည်ပတ်မှု များပြားသည့် နေရာများ၌ ဇုန်ဝင်ကြေးကို လာမည့် ပွင့်လင်းရာသီတွင် ကောက်ခံသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးက ပြောကြားသည်။
ကောက်ခံမည့် နေရာ၊ နှုန်းထားနှင့် ကောက်ခံမည့် စနစ် စသည့် အသေး စိတ် အစီအစဉ်များအား သက်ဆိုင်သည့် ဌာနများကို အစီအမံများ ဆွဲခိုင်းထား ကြောင်း သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“ဒါက တိုင်းဒေသကြီးရဲ့ လုပ်ပိုင် ခွင့်ပေါ့၊ ဒါကို ဒေသမှာ အသုံးပြုလို့ ရအောင် ကောက်မယ်၊ ပွင့်လင်းရာသီမှာ သေချာပေါက် ဖြစ်လာလိမ့်မယ်”ဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။
ဇုန်ဝင်ကြေးက ရရှိလာမည့် ငွေ ကြေးကို တိုင်းဒေသကြီးဖွံ့ဖြိုးရေး အတွက် ခရီးသွားလုပ်ငန်းနှင့် သက် ဆိုင်သည့် နေရာများတွင် ပြန်လည် အသုံးပြု သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခရီးသွားဇုန်ဝင်ကြေးကို နိုင်ငံခြား သားများ အဓိက လည်ပတ်မှု များသည့် ဒေသများတွင်ကောက်ခံနိုင်ရန် မျှော်မှန်း ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးက ဆိုသည်။
“တစ်မြို့ကို တစ်နေရာပဲ၊ ခရီးသွား အများဆုံး ဝင်တဲ့ ဝင်ပေါက်တွေမှာ ကောက်ခံသွားဖို့ ရည်မှန်းထားတယ်”ဟု တိုင်းဒေသကြီး ဟိုတယ်၊ ခရီးညွှန် ကြားရေးမှူးက ပြောသည်။

တနင်္သာရီတိုင်းတွင် ဇုန်ဝင်ကြေး ကောက်ခံမည်ဆိုပါက ဇုန်တွင် ရှိသင့် သည့် စီမံခန့်ခွဲမှု၊ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဒေသတွင်း ပြည်သူ များ၊ အစိုးရနှင့်လုပ်ငန်းရှင်များက ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း ထားဝယ်အခြေစိုက်ရဟှယ်ရှင် ခရီးသွား လုပ်ငန်းမှ ဦးဟိန်းထက်က ဆိုသည်။
၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလ အတွင်း တိုင်းအတွင်း နယ်စပ်ဝင်ပေါက် ၃ ခု မှ နိုင်ငံခြားသား ခရီးသွား ၃ သိန်းကျော် (၃၅၃၀၈၇ ဦး) ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်/ခရီး မှတ်တမ်း များအရ သိရသည်။