မြိတ်တွင် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး လူထုလှုပ်ရှားမှုပြုလုပ်

0
447

သက်ငယ်မုဒိမ်းမှုပပျောက်ရေး လမ်းလျှောက် လူထုလှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင်လ ၁၆ ရက်က မြိတ်မြို့တွင် ပြုလုပ် ခဲ့သည်။
အဆိုပါ လူထုလှုပ်ရှားမှုတွင် မြိတ် တောင်နယ်မြေ အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် ဂေါက်ကွင်း လမ်းဆုံတို့မှ လမ်းကြောင်း နှစ်ကြောင်းခွဲပြီး ဟောပြောပွဲပြုလုပ်မည့် မြိတ်တောင်ရပ်ကွက်ရှိ အရှေ့သိမ် ကျောင်း ဘောလုံးကွင်းသို့ ကြွေးကြော် ချီတက်ခဲ့ကြကြောင်း ယင်းလှုပ်ရှားမှုမှ သိရသည်။

ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး တို့အရေး၊ သက်ငယ် မုဒိမ်းမှု ပပျောက်ရေး တို့အရေး၊ သက်ငယ် မုဒိမ်း မှုများကြီးလေးစွာ အပြစ်ပေးရေး တို့ အရေး၊ ကလေးငယ်များကို အနိုင် ကျင့် အကြမ်းဖက်မှု မရှိရေး တို့အရေး၊ သက်ငယ်မုဒိမ်းမှု ချက်ချင်းရပ် ချက်ချင်း ရပ် စသည့် ကြွေးကြော်သံများဖြင့် လူအင် အား ၃၀၀ ကျော်က ချီတက်ခဲ့ကြသည်။

“သက်ငယ် မုဒိမ်းမှုတွေက မြိတ်မှာ တော်တော်များများဖြစ်နေပြီး လူထု အကြားမှာ ပေါ်ပေါ်လွင်လွင် သိစေချင် တာရယ်နဲ့ သက်ငယ်မုဒိမ်းမှုကို ထိ ရောက်စွာ အပြစ်ပေးချင်တဲ့ ဆန္ဒနဲ့ ပြု လုပ်တာပါ” ဟု ဦးဆောင်သူ ဒေါ်ရှင်ဌေး က ပြောသည်။
အဆိုပါ ဟောပြောပွဲတွင် မြိတ် ရှေ့နေများကွန်ရက်မှ ဆရာဦးလွင်အောင် နှင့် ဒေါက်တာ ဖြိုးသီဟတို့က ကလေး သူငယ် မုဒိမ်းမှုများနှင့် ပတ်သက်ပြီး အသိပညာပေးဟော ပြောခဲ့သည်။

“သက်ငယ်မုဒိမ်းမှု ပပျောက်ကင်း ဝေးအောင် ဌာနဆိုင်ရာနှင့် အာဏာပိုင် တွေက ပူးပေါင်း ဆောင်ရွက်ပေးစေချင် တယ်”ဟု လူထုလှုပ်ရှားမှုတွင် ပါဝင်သူ ဒေါ်မော်မော်လွင်က ပြောသည်။
လူထုလှုပ်ရှားမှုတွင် ပါဝင်သူ အများစုမှာ အသက် ၁၈ နှစ်အောက် ကလေးများဖြစ်ကြကြောင်း သိရသည