ထားဝယ်တွင် ကြက် အများအပြား သေဆုံး

0
388

ထားဝယ်မြို့ရှိ ကြက်ခြံတစ်ခြံတွင် ကြက်အများအပြား သေဆုံးခဲ့သဖြင့် မည်သည့်ရောဂါကြောင့် သေဆုံးသည် ကို သိနိုင်ရန် ဇူလိုင်လ ၂၁ ရက်က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းကို ပေးပို့စစ် ဆေးထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနထံမှ သိရသည်။
ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ် ကွက်ရှိ ကြက်ခြံတစ်ခြံတွင် ဇူလိုင်လ ၁၆ ရက်မှ ၂၀ ရက်အထိ မွေးမြူထား သည့် ဥစားကြက်များအနက်မှ အကောင် ရေ တစ်ထောင်ခန့်သေဆုံးခဲ့သည်။

ကြက်များသေဆုံးခြင်းနှင့် ပတ် သက်၍ ဖြစ်ပွားသည့် ရောဂါကို တိတိ ကျကျသိနိုင်ရန် ပို့ဆောင်စစ်ဆေးခြင်း ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦး စီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဥာဏ်လင်းက ဆိုသည်။
“ကြက်အသေကောင်ကို ခွဲစိတ် ကြည့်တော့ ကြက်ငှက်တုပ်ကွေး လက္ခဏာလိုမျိုး ထူးထူးခြားခြား မတွေ့ ရဘူး၊ ဓာတ်ခွဲခန်း အဖြေရမှပဲ တိတိ ကျကျပြောနိုင်မယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သေဆုံးသည့် ကြက် များကို မြေမြှုပ်ဖျက်ဆီးလိုက်ပြီး ကြက်ခြံ ကိုလည်း ဇီဝလုံခြုံရေး(အပြင်လူ အဝင် မခံခြင်း၊ ကြက်ခြံဝန်းကျင် ထုံးဖြူးခြင်း စသည်)ကို လုပ်ဆောင်ထားကြောင်း ၎င်းက ပြောသည်။
ကြက်ငှက်များနှင့်၎င်းတို့မှ ထွက် သည့် ပစ္စည်းများကို ကိုင်တွယ်ချက် ပြုတ်ရာတွင် လက်အိတ်စွပ်၍ ကိုင် တွယ်ရန်၊ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးရန်၊ ကျက် အောင် ချက်ပြုတ်စားသောက်ရန်နှင့် မကျန်းမာသည့် လက္ခဏာရှိပြီး လတ် ဆတ်သန့် ရှင်းမှုမရှိသော ကြက်ငှက် များကို ဝယ်ယူစားသုံးခြင်း မပြုရန်အစ ရှိသည့် အချက်များကို လိုက်နာကြရန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက နှိုးဆော်ထားသည်။

ဓာတ်ခွဲစစ်ဆေးထားသည့် အဖြေ တွင် ကြက်ငှက်တုပ်ကွေးရောဂါ ရှိ ကြောင်း အဖြေထွက်လာပါက ကြက်မှ လူကို ကူးစက်နိုင်မည့် ရောဂါကွင်းဆက် ကို ဖြတ်သည့်အနေဖြင့် ရပ်ကွက်များ တွင် အသိပေးကြေညာခြင်းများ လုပ် ဆောင်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကြီးကြပ် ကွပ်ကဲရေး ကော်မတီ အတွင်း ရေးမှူးက ဆိုသည်။
“စစ်ဆေးချက်မှာ ရောဂါရှိတယ်လို့ အဖြေထွက်လာရင် အချိန်နှောင်းသွား မှာစိုးလို့ လူတွေကိုအသိပေး နှိုးဆော်နေ တာပါ”ဟု ကော်မတီ အတွင်းရေးမှူးက ပြောသည်။

ထားဝယ်ဒေသတွင် စီးပွားဖြစ် မွေးမြူရေးကြက်ခြံ ၁၀၀ ခန့်ရှိရာ ဇူလိုင် လ လဆန်းပိုင်းက ကြက်ခြံ ၆ ခြံတွင် ကြက်သေဆုံးမှု အနည်းငယ်ရှိခဲ့ပြီး လက်ရှိ အချိန်တွင် သေဆုံးမှု မရှိတော့ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ် ကွေးရောဂါ ၈ ကြိမ်ဖြစ်ပွားခဲ့ဖူးပြီ တနင်္သာရီတိုင်းတွင်ဖြစ်ပွားမှု မရှိသေး ပေ။