မောတောင်နယ်စပ်တွင် အာဇာနည်နေ့ အခမ်းအနား ပထမဆုံးအကြိမ် ပြုလုပ်

0
591

မြန်မာ-ထိုင်းနယ်စပ် တစ်ခုဖြစ် သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်တွင် ပထမဆုံးအကြိမ် အဖြစ် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက်က ပြုလုပ်ခဲ့သည်။
နှစ် ၇၀ ပြည့်မြောက်သည့် အာဇာနည်နေ့တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မောတောင်မြို့ NLD ပါတီရုံးတွင် အရုဏ်ဆွမ်းကျွေး ခြင်းနှင့်အလေးပြုခြင်းတို့ကိုသာ ပြုလုပ် ခဲ့ပြီး ယခုနှစ်တွင် အခမ်းအနားဖြင့် ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း NLD ရုံးမှ သိရ သည်။
အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်မည့် မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ ဘောလုံးကွင်းသို့ NLD ပါတီဝင်များ ဌာနဆိုင်ရာများ ကျောင်း သား/သူများ ဆရာ/မများ ကရင်နှင့်မွန် တိုင်းရင်း သားများ ဒေသခံပြည်သူများ စုစုပေါင်း လူအင်အား ၁၂၀၀ ခန့်တို့ဖြင့် ချီတက် ကာ အလေးပြုခဲ့ကြကြောင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောပြသည်။