မွန်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်း ဆောင်အချို့ တာဝန်မှ အနားပေးခံရ

0
397

မွန်အမျိုးသားပါတီ MNP မှ ဗဟို အလုပ်အမှုဆောင် ၂ ဦးနှင့် ဗဟိုကော် မတီဝင် ၄ ဦးတို့ကို တာဝန်မှ အနားပေး လိုက်ကြောင်း မွန်အမျိုးသားပါတီထံမှ သိရသည်။
ဗဟိုအလုပ်အမှုဆောင် ၂ ဦးနှင့် ဗဟိုကော်မတီဝင် ၄ ဦးအား ပါတီအစည်း အဝေး တက်ရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခြင်း၊ တစ်နှစ်ကျော်ကြာ ပါတီ နှင့် အဆက်အသွယ် မပြုလုပ်ခြင်း တို့ကြောင့် ပါတီစည်းမျဉ်း စည်းကမ်း အရ တာဝန်မှအနားပေးရခြင်းဖြစ်သည် ဟု မွန်အမျိုးသားပါတီမှ တွဲဖက်အတွင်း ရေးမှူး(၁) နိုင်စိုး မြင့်က ပြောသည်။

“တစ်နှစ်ကျော်ကာလမှာ အစည်း အဝေး ကျင်းပတိုင်း ဖိတ်တယ်၊ သူတို့ လာမတက်ကြဘူး၊ ပါတီနဲ့လည်း မဆက်သွယ်ဘူး၊ အကြိမ်ကြိမ်ခေါ်တယ်၊ ပြန် မဆက်သွယ်ဘူး၊ မလာကြတော့ ပါတီမှာလဲ အလုပ်လုပ်ရတာ အခက် အခဲရှိတယ်။ ပါတီကနေ အနားပေးဖို့ ဇူလိုင် ၁၅ ရက်နေ့က ဗဟိုအလုပ်အမှု ဆောင် ကော်မတီအစည်းအဝေး ဆုံး ဖြတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။
ပါတီမှ အနားပေးခံရသည့် ဗဟို အလုပ်မှုဆောင် ၂ ဦးမှာ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၊ နိုင်သောင်းရှိန် နှင့် ဗဟိုကော်မတီဝင် ၄ ဦးမှာ နိုင် M ချမ်းမွန်၊ နိုင်ဝင်းတင်၊ နိုင်ငွေနှင့် မိမိုး မိုးအေးတို့ဖြစ်သည်။

“ပါတီကနေ အနားပေးတယ်ဆိုတာ အခုချိန်ထိ အကြောင်းမကြားသေးဘူး၊ ပါတီ စတင်ထောင်ကတည်းက ကျွန် တော်ပါဝင်ခဲ့တယ်၊ ဘာကြောင့် အနား ပေးလဲဆိုတာ အခုချိန်ထိ မသိ သေးဘူး။ အကြောင်းကြားစာ ပေးပို့တဲ့အချိန်ကျမှ အတိအကျ သိမယ်”ဟု ပါတီမှ အနား ပေးခံရသူ ရေးမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာမင်း စိုးလင်းက ပြောသည်။

အလားတူ မွန်လူမျိုးများကို ကိုယ်စားပြုသည့် ပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတွင် လည်း မကြာသေးမီက ဗဟိုအလုပ် မှုဆောင်ကော်မတီဝင်တစ်ဦးအား ပါတီ မှ ထုတ်ပယ်ခဲ့သည်။
မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စား လှယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၁ နေရာ အနိုင်ရရှိခဲ့သည်။