ကော့သောင်းမြို့မ ဈေးကြီးတွင် တစ်ညတည်း ဆိုင်ခန်း ၄ ခန်းဖောက်ခံရ

0
427

ကော့သောင်းမြို့မ ဈေးကြီးတွင် တစ်ညတည်းဆိုင်ခန်း ၄ ခန်းဖောက် ခံခဲ့ရကြောင်း ဈေးသူ ဈေးသားများထံမှ သိရ သည်။
ဇူလိုင် ၁၇ ရက် နံနက် ၂ နာရီ ခန့်ကဖြစ်ပွားပြီး လျှပ်စစ်ပစ္စည်း ဆိုင်၊ ဖိနပ်ဆိုင်၊ အလှကုန်ဆိုင်နှင့် ဈေးဧရိ ယာ အပြင်ဘက်ရှိ ပန်းဆိုင်တို့ ဖောက် ထွင်းခံရပြီး ခိုးယူသူအား ဖမ်းဆီးမိ ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

“မနက်ဆိုင် လာဖွင့်တော့ ပစ္စည်း တွေပြန့်ကျဲနေတာ တွေ့ရတော့ ဈေးရုံး ခန်းမှာ သွားတိုင်တော့ ပစ္စည်းတွေ ပြန်ရ တယ်။ ဆိုင်ခန်း မျက်နှာကြက်ကနေ ဝင်ထားတာ”ဟု လျှပ်စစ်ပစ္စည်းနှင့် ဖုန်း ဆိုင်မှ ကိုအောင်ခိုင်ဦးက ပြောသည်။
ဈေးတံခါးမကြီးရှိ သံဘာဂျာအား တုတ်ကန့်လန့်ခံဟထားသည်ကို မြင် တွေ့ရသဖြင့် တာဝန်ရှိသူများအား အ ကြောင်းကြား၍ ဈေးအတွင်းဝင်ရှာရာ အဆိုပါ တံခါးဝတွင်ပင် ခိုးယူထားသည့် အထုပ်များအား တွေ့ရှိခဲ့ကြောင်း ဈေး လုံခြုံရေးထံမှ သိရသည်။

“(ဈေးထဲက) ပြန်ထွက်လာမှ ဈေး တံခါးဝမှာ လူတစ်ယောက်ထိုင်နေတော့ ကျွန်တော့်သားက ဘယ်သူလဲမေးတော့ ထွက်ပြေးသွားတယ်၊ လက်မှာ ဆေးမင် ကြောင် နှစ်ဖက်ထိုးထားတာတော့ မြင် လိုက်တယ်၊ အထုပ် ၄ ထုပ်ကို တံခါးဝ နားမှာကျန်ခဲ့တာ တွေ့ရတယ်”ဟု မြို့မဈေးလုံခြုံရေးယူထားသူ ဦးညွန့် မောင်က ရှင်းပြသည်။
မြို့မဈေးကြီးတွင် မကြာခဏ ဖောက်ထွင်းခံနေရပြီး ပြီးခဲ့သည့်လ ကလည်း ဆိုင်ခန်း ၂ ခန်း အဖောက်ခံရ ကြောင်း ဈေးအကျိုးတော်ဆောင် အဖွဲ့ ထံမှ သိရသည်။

“စည်ပင်အနေနဲ့ လုံခြုံမှုမရှိတဲ့ နေရာတွေ ပြုပြင်ပေးပြီး၊ ဈေးလုံခြုံ ရေးကို ပိုတိုးမြှင့်ပြီး လုပ်စေချင်တယ်”ဟု ကော့သောင်းမြို့မဈေး၏ ဈေး အကျိုးတော်ဆောင်ဖြစ်သူ ဦးဝင်းဦးက ဆိုသည်။
ကော့သောင်းမြို့မ ဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၃၅၆ ခန်းရှိပြီး လုံခြုံရေး ၂ ဦးခန့်ထားကြောင်း စည်ပင်သာ ယာဌာနရှိ ဒုဦးစီးမှူး(ဈေး) ဦးဝင်းရွှေ ထံမှ သိရသည်။