မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

0
907

တိုင်းအစိုးရအဖွဲ့ဖလား မြို့နယ် ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို လာမည့် ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပမည် ဖြစ် ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက်လက်ဝှေ့ပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမတွင် ကျင်းပ မည်ဖြစ်ပြီး ၃၃ ဦးနှင့် အမျိုးသမီး အား ကစားသမား ၂၃ ဦးခန့် ဝင်ရောက်ယှဉ် ပြိုင်မည်ဟု ခန့်မှန်းထားကြောင်း အထက် ပါဦးစီးဌာနထံမှ ဒုတိယညွှန်ကြားရေး မှူး ဦးမောင်မောင်မြင့်က ပြောသည်။
“အမျိုးသားအမျိုးသမီး ဝိတ်တန်း အလိုက်ပေါ့၊ ဆုလည်း ဝိတ်တန်းအလိုက် ပေးမယ်”ဟု ၎င်းက ပြောသည်။

ပြိုင်ပွဲတွင် ထူးချွန်သူများကို တိုင်း နှင့်ပြည်နယ်အဆင့်ပြိုင်ပွဲအတွက် ရွေး ချယ်သွားမည်ဖြစ်ကြောင်း သိရသည်။တိုင်းနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲကို စက်တင် ဘာလ ၁၃ရက်မှ ၂၁ရက်အထိ နေပြည် တော်တွင် ကျင်းပမည် ဖြစ်သည်။ ယခင်နှစ် က တနင်္သာရီတိုင်းမှ အမျိုးသားအသက် ငယ်တန်းနှင့် အမျိုးသမီးအလွတ်တန်း လက်ဝှေ့ပြိုင်ပွဲမှ တံခွန်စိုက်ဆုရခဲ့ကြောင်း တိုင်းအား/ကာထံမှ သိရသည်။