ကျောင်းကြိုပို့ဓလေ့

0
571

အခြေခံပညာကျောင်းသား မိဘ များအကြား ဓလေ့တစ်ခု စတင်အမြစ် တွယ်လာသည်။ ကျောင်းဖွင့်ရာသီများ တွင် ကျောင်သားမိဘများထံမှ အများ ဆုံးကြားရလေ့ရှိသော စကားများရှိသည်။
“အေးဗျာ၊ သားကို ကျောင်းကြိုဖို့ ပြေးရဦးမယ်”
“အင်း အင်း ၊ သမီးကို ကျောင်း မှာ ထမင်းသွားကျွေးချိန် ရောက်ပြီမို့ နောက်မှ ဆက်ပြောကြတာပေါ့ရှင်”

“ခွင့်လွှတ်ဗျာ၊ သမီးကို ကျူရှင် သွားပို့ ရတော့မယ်”
ယင်း ကျောင်းကြိုပို့ ယဉ်ကျေးမှု တနင်္သာရီတိုင်းတွင်း စန်းထလာသည်မှာ နှစ်များစွာ မကြာသေး..။
ကော့သောင်း ရွှေပြည်စိုးရပ်ကွက်မှ ဦးညီညီက သူကျောင်းတက်စဉ်က သူ့ မိဘ အကြိုအပို့ မလုပ်ခဲ့။ သို့သော် လက်ရှိတွင် သမီးဖြစ်သူ ကိုးတန်း ကျောင်းသူကို တစ်နေ့ ၃ ကြိမ် (အသွား အပြန် ၆ ခေါက်) ကျောင်းကြို ကျောင်းပို့ ပုံမှန်လုပ်နေရကြောင်း ပြောသည်။

ယင်း သုံးခေါက်တွင် ကျူရှင် အကြိုပို့ မပါသေးဟု ၎င်းက ပြောသည်။
“အဲဒီ (ကျောင်းဖွင့်) အချိန်တွေမှာ ဘယ်မှ နယ်ကျော်လို့မရဘူး။ ခေတ်ပေါ့ လေ၊ မပို့လို့ မရဘူး။ လမ်းမှာလည်း ကားတွေ ဆိုင်ကယ်တွေ စိတ်မချဘူး” ဟု ဦးညီညီက ပြောသည်။
ယင်းသို့ ဆိုင်ကယ်နှင့် ကားများ လမ်းမပေါ် ရှုပ်ထွေးများပြားလာခြင်းက မြို့ပြတွင် ကျောင်း အကြိုအပို့လုပ်သူက တစ်စစ ပိုများလာခြင်း၏ အကြောင်းပြ ချက်တစ်ရပ်။

“မကြိုလို့လည်း မရဘူး ဆိုင်ကယ် တွေက အရမ်းများတာ တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ”ဟု ထားဝယ်မြို့သစ် ကျောင်းနေ ၃ တန်းကျောင်းသား၏ မိခင်ဖြစ်သူ ဒေါ်မကြီးက သူ့သားအား ကျောင်းကြိုပြီးအပြန်တွင် ပြောသည်။
ယင်းသို့ ကျောင်းကြိုပို့လုပ်နေ သည့် မိဘများက တစ်နှစ်ထက် တစ်နှစ် ပိုများလာသည်ကို တွေ့ရကြောင်း ထား ဝယ် အ.ထ.က ၁ အဋ္ဌမတန်းတက်နေသူ ညီမအား ကျောင်းကြိုပို့ လုပ်ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကားလမ်းတွေက ရှုပ်တော့ စိတ် မချလို့ ကြိုပို့လုပ်ပေးနေရတာ၊ ကျောင်း ဆင်းကျောင်းတက်ချိန်တွေဆို ကျောင်း ရှေ့မှာကားတွေ ဆိုင်ကယ်တွေနဲ့ ပိတ် နေရော”ဟု ထိုအမျိုးသမီးက ပြောသည်။
ယင်းသို့ ယာဉ်အသွားအလာများ၍ ကျောင်းအကြိုအပို့ လုပ်ကြသည်မှာ ခိုင်လုံသည်ဟု ယူဆရသော အကြောင်း ပြချက်ကောင်း တစ်ခု။
သို့သော် ကျောင်းအကြိုအပို့ ယဉ် ကျေးမှုက ယာဉ်အသွားအလာများသော မြို့ပြများတွင်သာ ပေါ်ထွန်းနေသည် မဟုတ်။ ကျေးလက်ဒေသများအထိပါ ကူးစက် နေခဲ့လေပြီ။

အချို့ကျေးလက်ကျောင်းများက ကျောင်းသားဦးရေ တိုးပွားလာခြင်းနှင့် အမျှ အဆင့်မီ ကျောင်းအဆောက်အအုံ များပြားလာခြင်းကို အကြောင်းပြု၍ မြေဧရိယာ ကျဉ်းမြောင်းသော ရွာလယ်မှ သည် မြေကွက်လပ်ကျယ်ပြောသော ရွာဦးသို့ ရွှေ့ပြောင်းလာကြသည်။
ထိုအခါ တစ်ဖက်ရွာအစွန်နှင့် ရွာ လယ်မှ ကျောင်းသားမိဘများက နိစ္စဒူဝကျောင်းကြို ကျောင်းပို့လုပ်လာကြ သည်။

အချို့မိဘများက သူများကျောင်းပို့ သည်ကို မြင်၍ ရောယောင် လိုက်ပို့ကြ သည်။ သူများ ထမင်းသွားခွံကျွေးသည် ကို မြင်လျှင်ကိုယ်လည်း ထမင်း လိုက်ခွံ ကြသည်။ ယင်းသို့ဖြင့် ကျောင်းကြိုပို့၊ ထမင်းခွံ့ ယဉ်ကျေးမှု တောရောမြို့ပါ တစ်စစပိုပို ကျယ်ပြန့်လာတော့ သည်။
ယင်းအကြိုအပို့ကိစ္စက ကျောင်းသား အကြီးအငယ်မဟူ။
မြိတ်မြို့မှ ကိုဖိုးကေကလည်း အလုပ် မအားသည့်ကြားမှ KG တန်းနေသည့် သားဖြစ်သူအား တစ်နေ့ကို သုံးခေါက် လောက် အကြိုအပို့ လုပ်နေရကြောင်း ပြောသည်။

“ကလေးကလည်း ငယ်သေးတော့ အကြိုအပို့နဲ့တင် အလုပ်တစ်ခုဖြစ်နေရ တယ်”ဟု ကိုဖိုးကေက ရင်ဖွင့်သည်။
အချို့မိဘများက ကလေးခိုးသည့် အဖွဲ့များ ရှိသည်ဟု ဆိုသူက ဆိုသည်။ နောက်အကြောင်းပြချက်တစ်ခုမှာ “သက် ငယ် မုဒိမ်း”။
“သမီး မိန်းကလေးလည်းဖြစ်တော့ ပိုဂရုစိုက်ရတာပေါ့”ဟု ကိုးတန်းကျောင်း သူ၏ဖခင် ကိုညီညီက ဖွင့်ဟသည်။
ယင်းသို့ မိဘများမှ ကျောင်း၊ ကျူရှင်အကြိုအပို့လုပ်ခြင်း၊ ကျောင်းတွင် ထမင်းသွားကျွေးခြင်းများက ကျောင်းသူ ကျောင်းသားများ မိမိကိုယ်ကို အားကိုးမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းစေ သည်ဟု ယူဆသူများလည်း ရှိသည်။

“သားသမီးတွေရဲ့စိတ်ထဲ ကိုယ့် အားကိုယ်ကိုးစိတ်တွေ လျော့နည်းလာ မှာတော့ စိုးရိမ်မိတယ်”ဟု ကိုဖိုးကေက ပြောသည်။
သို့သော် သူ၏သားငယ် အတန်း ကြီးလာမည်ဆိုပါကလည်း ကျောင်းနှင့် အိမ်၊ အိမ်နှင့်ကျူရှင် အချိန်လုပြေးရနေ မည် ဖြစ်သောကြောင့် သားတော်မောင် အားကြိုပို့ လုပ်ပေးရဦးမည်ဟု ကိုဖိုးကေ က ပြောလေသည်။

“အတန်းကြီးလာရင် တစ်ယောက် တည်းကျောင်းကိုခြေလျင်နဲ့ လွတ်မယ် ဆိုရင် ဆိုင်ကယ်တွေက ပရမ်းပတာ စည်းကမ်းမဲ့ မောင်းတဲ့သူတွေရှိနေတယ်၊ ကျောင်းကလည်း နည်းနည်းဝေးတော့ အန္တရာယ်ဖြစ်မှာကို စိတ်ပူရတယ်” ဟု ကိုဖိုးကေက ပြောသည်။
ယင်း ကျောင်းအကြိုအပို့ လုပ်နေ သူအားလုံးနီးပါးက သူတို့ခေတ် သူတို့ အခါက ကျောင်းသို့ လိုက်ပို့ခံရသူ မရှိ။ တစ်ဖာလုံခန့်မှသည် မိုင်ချီခရီးထိဝေး သော ကျောင်းသို့ တစ်ကိုယ်တော်သော် လည်းကောင်း၊ သူငယ်ချင်းများ အုပ်စုဖွဲ့ ၍သော် လည်းကောင်း ချီတက်ကြခဲ့သူ များချည်းသာ။

ကျောင်းနှင့်ဝေးလျှင် အချို့က ထမင်းဘူးကိုလွယ်အိတ်ထဲထည့် (စာအုပ် ဆီပေသည်လည်း ခဏခဏ)၊ တချို့က လွယ်အိတ်ကို ကျောမှာပိုးကာ ခြေကျင် ခရီးကို နှင်ကြရသည်။ တတ်နိုင်သူ ကြေးရတတ်များသာ စက်ဘီးစီးရသည့် ခေတ်မှ လာသူများသာ။
ယခုမူ ၎င်းတို့က အကြောင်းပြချက် မျိုးစုံဖြင့် ကျောင်းကြို ကျောင်းပို့အပြင် ထမင်းပါ သွားခွံ့နေကြလေသည်။
ယင်းအတွက် အချို့က ခေတ်ကို လက်ညှိုးထိုးသည်။

ကျောင်း၊ ကျူရှင်၊ ဂိုက်ရောအကုန် ပို့ပေးရသည်မှာ မိဘများအတွက် အလုပ် တစ်ခုလိုဖြစ်နေပြီး ယခုနောက်ပိုင်းတွင် အစဉ်အလာလိုဖြစ်လာကြောင်း ကော့သောင်း မှ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးဇော်မင်းက ပြောသည်။
ကျောင်းသူ ကျောင်းသားတိုင်းက မိဘအကြိုအပို့ လုပ်သည်ကို သဘော ကျ နှစ်ခြိုက်ပါသလား။
ကော့သောင်း အထက ၁ တွင် ကျောင်းတက်နေသူ စတုတ္ထတန်းကျောင်း သား မောင်သူရစိုးကတော့ ကျောင်းကို ကိုယ့်ကိုယ်ကိုယ်သာ အားကိုးလိုကြောင်း ပြောလေသည်။
“ကိုယ့်ဘာသာသွားချင်တယ်၊ အဖေနဲ့ အမေက စိတ်မချတော့လိုက်ပို့ တယ်”