မြိတ် အဝေးပြေးကားဝင်း အသစ်အတွင်း ယာဉ်တိုက်မှုဖြစ်ပြီး ယာဉ်များ မီးလောင်

0
525

မြိတ်မြို့ မြိတ်တောင်ကျေးရွာရှိ အဝေးပြေး ကားဝင်းအသစ်အတွင်းရှိ လမ်းမကြီးပေါ်တွင် ဇူလိုင်လ ၁၀ ရက် နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်က ယာဉ် တိုက်မှုဖြစ်ပြီး ယာဉ်များမီးလောင်မှုဖြစ် ခဲ့ရကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အရှေ့သိမ်လမ်းဆုံ ဘက်မှ ကားကြီးဝင်း အသစ်ဘက်သို့ မောင်းနှင်လာသည့်Click I အမျိုးအစား မော်တော်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် မှ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ် တို့ အရှိန်ပြင်းစွာဖြင့် လမ်းမအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ် ကြောင်း ရဲစခန်းမှ သိရသည်။
ဘေးတွဲယာဉ်ပေါ်တွင် ဓာတ်ဆီပုံး များတင်ဆောင်လာသဖြင့် ယာဉ်တိုက်မှု ဖြစ်ပြီး မီးထလောင်ခြင်း ဖြစ်ကြောင်း ရဲစခန်းတာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပြသည်။

ယာဉ်တိုက်မှုကြောင့် ဘေးတွဲ မောင်းနှင်သူနှင့် ဆိုင်ကယ်ပေါ်ပါ ၃ ဦး တို့တွင် ထိခိုက်ဒဏ်ရာများနှင့် မီးလောင် ဒဏ်ရာ အချို့ရရှိခဲ့ကြောင်း ရဲစခန်းမှ သိရသည်။
လက်ရှိတွင် ယာဉ်မောင်းသူတို့အား မြိတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၅၄၊၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇၊၃၃၈၊၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်း ရဲစခန်းမှ သိရသည်။