မြစိမ်းရောင်စီမံကိန်း ကျေးရွာများ ထပ်တိုးရန် စီစဉ်

0
326

အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဖြစ်သည့် မြစိမ်းရောင်စီမံကိန်းအကောင် အထည်ဖော်မည့် ကျေးရွာများကို ယခု နှစ်တွင် ထပ်တိုးရန် ရည်မှန်းထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေး လက် ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ထံမှ သိရသည်။
ကျေးရွာယူနစ်ပေါင်း ၄၀ တွင် ထပ်တိုးရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ယူနစ်ဆိုသည်မှာ အနည်းဆုံး အိမ်ခြေ ၈၀ ရှိသည့် ကျေးရွာကို တစ်ယူ နစ်ဟု သတ်မှတ်ပြီး အိမ်ခြေ ၈၀ မပြည့် ပါက နီးစပ်ရာ ရွာတစ်ရွာနှင့်ပေါင်းကာ တစ်ယူနစ်အဖြစ်သတ်မှတ်သည်။
မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော်သည့် ကျေးရွာတစ်ယူနစ်ကို အရင်းမပျေက်မတည်ငွေအဖြစ် ကျပ် သိန်း ၃၀၀ မတည်ထုတ်ပေးသည်။

“တိုးမယ့်နေရာတွကို ရွေးချယ်ဖို့ အတွက်တိုင်းအစိုးရကို တင်ပြထား တယ်” ဟု အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူး (နည်းပညာ) ဦးအေးချိုက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့သော အဆိုပါ စီမံကိန်းမှာ ၂၀၁၇ ခုနှစ် မေလအထိ ကျေးရွာယူနစ် ၁၀၈ ယူနစ်အထိရှိခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်တွင် ယူနစ် ၄၀ ထပ်တိုးရန် စီစဉ် နေခြင်း ဖြစ်သည်။ မြစိမ်းရောင် စီမံကိန်း ကျေးရွာအဖြစ် ရွေးချယ်ရာတွင် ဆင်းရဲ ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံဖြိုး တိုးတက်ရန် အလားအလာရှိခြင်း၊ တရားဥပဒေစိုးမိုးခြင်း အစရှိသည့်အချက် များဖြင့် ရွေးချယ်သည်။

ရွာသားများကို ပြန်ချေးမည့် ချေး ငွေပမာဏနှင့် အတိုးနှုန်း၊ ပြန်ဆပ် ကာလတို့ကို သက်ဆိုင်ရာ ကျေးရွာများက ရွေးချယ်ဖွဲ့စည်းထားသည့် ကော်မတီ ဖြင့် ဆုံးဖြတ်ပြီး ဌာနအနေနှင့် မြေပြင် ကွင်းဆင်းကာ စာရင်းစစ်ဆေးခြင်း ကိုသာ ဆောင်ရွက်ကြောင်း ဒုတိယညွှန် ကြားရေးမှူး (နည်းပညာ) ဦးအေးချိုက ပြောသည်။

၂၀၁၇ ခုနှစ် မေလအထိ စာရင်း များအရ ထားဝယ်ခရိုင်တွင် ကျေးရွာ ယူနစ် ၅၈ ယူနစ်၊ မြိတ်ခရိုင်တွင် ၃၃ ယူနစ်နှင့် ကော့သောင်းခရိုင်တွင် ၁၇ ယူနစ်ရှိကြောင်း တနင်္သာရီတိုင်း ဒေသ ကြီး ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။