မြိတ်မြို့ဝင်ကြေးဂိတ် ဖျက်သိမ်းရန် စီစဉ်

0
365

မြိတ်မြို့အဝင် ကျောက်ဖြူတောင် ကျေးရွာ ကွန်ပျူ တာတက္ကသိုလ်အနီးရှိ မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်အား ဖျက်သိမ်းရန် စီစဉ်လျက်ရှိကြောင်း ယင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ဒေသခံ ပြည်သူများ၏ တောင်း ဆိုချက်အရ အဆိုပါမြို့ဝင်ကြေးဂိတ်အား ပယ်ဖျက်ပေးရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ တင်ပြထားပြီးဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြော သည်။
“ကော်မတီ အစည်းအဝေးဆုံးဖြတ် ချက် အရ ဇွန်လ ၃၀ ရက်နေ့က တိုင်း အစိုးရအဖွဲ့ထံ တင်ပြထားပြီးပါပြီ၊ ညွှန် ကြားချက်ရရင် တစ်ခါတည်းဖျက်သိမ်း သွာမယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။

အဆိုပါ မြို့ဝင်ကြေး ကောက်ခံ နေသော ဂိတ်အားစည်ပင်မှ လေလံ စနစ်ဖြင့် ချထားပေးခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးရုံးမှ သိရသည်။