၁၀ နှစ်သား အိမ်မွေးမိကျောင်း တစ်ကောင်ကို သက်ဆိုင်ရာသို့အပ်

0
342

မြိတ်မြို့ ကန်ဘောင်ရိုးရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် မွေးမြူထားသည့် ၁၀ နှစ်သက်တမ်းရှိ မိကျောင်းတစ်ကောင် ကို ဇူလိုင်လ ၁၁ ရက်က သက်ဆိုင် ရာသို့ ခေါ်အပ်ခဲ့ကြောင်း ယင်းနေအိမ်ရှင် ဒေါ်သန်းဌေးထံမှ သိရသည်။

အဆိုပါ မိကျောင်းကို တစ်ထွာခန့် ရှိအရွယ်မှစပြီး နယ်ပြောင်း သစ်တောဝန် ထမ်းတစ်ဦးက လက်ဆောင်အဖြစ်ပေးခဲ့ သဖြင့် နေအိမ်တွင် ကန်ဖြင့် မွေးမြူ ထားခြင်းဖြစ်ကြောင်း ဒေါ်သန်းဌေးက ပြောပြသည်။

အဝါရောင်ပေါ်တွင် အမည်းကွက် တုံးများဖြင့် အလျား ၆ ပေခန့်ရှိ မိကျောင်း အစားအစာအဖြစ် သားငါးများကို တစ် ရက်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် ဝယ်ယူကျွေးမွေးနေရကြောင်း သိရသည်။

“တစ်ထောင်ဖိုးပဲ ဝယ်ကျွေးတော့ အစာညှင်းထားသလို ဖြစ်နေတယ်”ဟု ဒေါ်သန်းဌေးက ပြောပြသည်။
မိချောင်းအမအတွက် အစာဖိုး မတတ်နိုင်ခြင်းနှင့် အရွယ်အစားကြီး လာပါက လူအတွက် အန္တရာယ်ဖြစ်စေနိုင် သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တိုင် ပင်ကာ သက်ဆိုင်ရာဌာနသို့ ခေါ်အပ် နှံခြင်း ဖြစ်ကြောင်း ဒေါ်သန်းဌေးက ပြောပြသည်။

“တိုင်းဒေသကြီးနှင့် ရုံးချုပ်ကို သတင်းပေးပို့ထားပါတယ် ညွှန်ကြား ချက်လာမှ ဆက်လက်ဆောင်ရွက်သွား ပါမယ်”ဟု မြိတ်မြို့နယ် သစ်တောဦးစီး ဌာန ဦးစီးမှူး ဦးသိန်းထွန်းက ပြောသည်။

သစ်တောဦးစီးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူ အချို့က မိကျောင်းအား နေအိမ်တွင် လာရောက်ကြည့်ရှုပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင် လာရောက်ခေါ်ယူ မည်ကို မသိရှိရသေးကြောင်း ယင်းနေ အိမ်မှ သိရသည်။