ပြည်တော်ပြန် အလုပ်သမားအချို့ ထံမှ ထိုင်းကားသမား ခြိမ်းခြောက်ငွေ တောင်းဟုဆို

0
455

ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန် လာသူ ၁၉ ဦးကို ထိုင်းကားသမားက ခြိမ်းခြောက်ငွေတောင်းခံခဲ့သည်ဟု ဇူလိုင်လ ၁၃ ရက်က ကော့သောင်းမြို့သို့ ပြန်ရောက်လာသည့် ငွေအတောင်းခံခဲ့ရ သူများက ပြောသည်။

မြ၀တီမှတဆင့် နေရပ်ပြန်ရန် ဖူး ကက်မှဘန်ကောက်သို့ ကားဖြင့်ပြန် နေ စဉ် ပတ်စ်ပို့မပါသည့်အတွက် လမ်းတွင် ကားသမားက ဘတ်တစ်သောင်းခြိမ်း ခြောက် တောင်းခံခဲ့ကြောင်း ၎င်းတို့က ဖွင့်ဟသည်။

“ဖူးကက်-ဘန်ကောက်ကား လက် မှတ်ခ ဘတ် ၅၈၀ ပေးပြီး စီးလာတာ၊ ဒီအတိုင်း ပတ်စ်ပို့မပါလဲ သွားရတယ်လို့ သိထားလို့။ အဲ့ဒီ စီးလာတဲ့ကားက ကား သမားကပဲ တစ်ယောက်ဘတ် တစ်သောင်း ပေးရမယ်၊ မပေးရင် တာမော (ရဲစခန်း)ပို့မယ်လို့ပြောတာ”ဟု သံဖြူဇရပ်သို့ ပြန်မည့် ကိုဝေယံထွန်းက ပြောသည်။

မပေးနိုင်သဖြင့် ချွန်ဖွန်ရဲစခန်းသို့ ပို့ခဲ့ပြီး အချုပ်တွင် ၄ ရက်ခန့်နေခဲ့ရကာ ဘန်ကောက်သို့မပို့ဘဲ ရနောင်းအချုပ်သို့ ထပ်မံပို့ခံခဲ့ရကြောင်း သိရသည်။
ရနောင်းအချုပ်တွင် ၁ ရက် နေခဲ့ ရပြီး အခြားမြို့နယ်များမှ ရောက်ရှိ လာသည့် မြန်မာနိုင်ငံသားများနှင့်အတူ ကော့သောင်းသို့ ပြန်လည် ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရ သည်။

ဇူလိုင် ၁ ရက်နေ့ မှ ၁၃ ရက်နေ့ထိ ရနောင်း-ကော့သောင်းနယ်စပ်မှဝင် ရောက်လာသူ ၁၃၀၀ ကျော်ခန့်ရှိနေပြီး ဖြစ်ကြောင်း ကော့သောင်းမြို့နယ် (လ၀ က)စာရင်းအရ သိရသည်။