နော်ချစ်ပန်းတိုင်အမှု KNU တပ်ဖွဲ့ဝင်အချို့ကို စစ်ဆေးရန် စာပို့ထားသော်လည်း အကြောင်းမပြန်သေးဟုဆို

0
358

နော်ချစ်ပန်းတိုင် အသတ်ခံရသည့် အမှုတွင် KNU တပ်ဖွဲ့ဝင်အချို့ကို စစ် ဆေးရန် တရားဝင်စာပို့ထားသော်လည်း KNU ဘက်က ဇူလိုင်လ ၁၃ ရက်အထိ အကြောင်းမပြန်သေးကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြော ကြားသည်။
အမှုနှင့် ပတ်သက်၍ အရပ်သား ၅၀ ဦးခန့်နှင့် KNU တပ်ဖွဲ့ဝင်အချို့ကို စစ်မေးပြီးဖြစ်သော်လည်း ကွဲလွဲချက် အချို့ ရှိနေသည့်အတွက် ထပ်မံစစ်ဆေး ရန် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က KNU ဆက်ဆံရေးရုံးမှတဆင့် စာပို့ ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးက ဆိုသည်။

“သူတို့ဖက်က ပို့ပေးမယ် မပို့ပေး ဘူးဆိုတာတော့ သေသေချာချာ မသိရ သေးဘူးပေါ့နော်၊ ပို့ပေးရင်လည်း ငါတို့ စစ်မယ်၊ အရပ်သားဖက်ကတော့ စစ်ဖို့ ကတော့ ကုန်နေပြီ၊ အဲဒီကွဲလွဲချက်လေး တွေကို စစ်မှဘယ်လို ပြန်လိုက်မလဲ ဆိုတာစဉ်းစားလို့ရမှာပေါ့ အနေအထား က”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။

ကွဲလွဲချက်များကို စစ်ဆေးနိုင်ပါက အမှုနှင့်ပတ်သက်၍ နီးစပ်လာမည်ဟု ယူဆရပြီး အတိအကျ ပေါ်လာမည်ဟု မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ စာပို့ခြင်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ နှင့်တွေ့ဆုံကာ သေချာဆွေးနွေးပြီးမှ ကွဲလွဲချက်များအဖြေထွက်လာနိုင်မည် ဖြစ်ကြောင်း တပ်မဟာ ၄ ကရင် အမျိုး သားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ဖဒိုစောဆာပိ တုပ် က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် လူသတ်မှု၊ မုဒိန်းမှုကဲ့သို့ အမှုကြီးပေါင်း ၅၀ ခန့် ဖြစ်ပွားရာတွင် အဆိုပါ အမှု တစ်ခုသာ မဖော်နိုင်သေးကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ညကထားဝယ်မြို့၊ ရွှေဝယ်သီရိ အားက စားကွင်းတွင်ကျင်းပသည့် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရန်ပုံငွေ အဆိုပြိင်ပွဲ ကျင်းပစဉ်တွင် ပြိုင်ပွဲစင်မြင့်နှင့် မလှမ်း မကမ်းတွင် ဓားဖြင့်အထိုးခံရပြီး သေဆုံး ခဲ့သည်။
အသတ်ခံခဲ့ရသည့် အသက် ၂၁ နှစ်အရွယ်နော်ချစ်ပန်းတိုင်သည် ထား ဝယ်ဒေသအရေးလှုပ်ရှားသည့် တာက ပေါ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူး သူဖြစ်ပြီး အခင်းမဖြစ်ပွားခင်အချိန် ထိတွင် မြေမြှုပ်မိုင်း အန္တရာယ် အကြံပေး အဖွဲ့ (MAG) တွင် တာဝန်ထမ်းဆောင်ခဲ့ သည်။