မြိတ်တွင် ရှစ်လေးလုံး ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူမည်

0
378

မြိတ်မြို့တွင် ဒီမိုကရေစီ ကိုယ်စား ပြုသည့် ရှစ်လေးလုံး ဒီမိုကရေစီအထိမ်း အမှတ် ကျောက်တိုင်တစ်ခု စိုက်ထူသွား မည်ဖြစ်ကြောင်း ကျောက်တိုင်ဖြစ်မြောက် ရေး ဦးဆောင်စီစဉ်သူ ဦးတင်ကိုကိုဦး ထံမှ သိရသည်။

အဆိုပါ ကျောက်တိုင်စိုက်ထူရန် အတွက် မြေနေရာကို မြိတ်မြို့ ကမ်းနား လမ်းနှင့် ငါးဦးစီးရုံးအဝင် လမ်းထောင့်ရှိ ကြက်လျှာစွန်းမြေနေရာကို စည်ပင်သာ ယာရေးကော်မတီမှ ရွေး ချယ်ပေးထား ပြီးဖြစ်သော်လည်း မြေနေရာပိုင်ဆိုင်မှုကို စိစစ်နေဆဲ ဖြစ်ကြောင်း မြိတ်စည်ပင်မှ သိရသည်။

“မြေကစည်ပင်ပိုင်လား၊ အစိုးရပိုင် လား မသိသေးဘူး၊ စည်ပင်ပိုင်ဆိုရင် စည်ပင်ကခွင့်ပြုပေးမယ်၊ အစိုးရပိုင်ဆို ရင်အစိုးရအဆင့်ဆင့်ကို တင်ရဦးမယ်”ဟု ကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြောသည်။

ကျောက်တိုင် စိုက်ထူရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကာ စေတနာ ရှင်အလှူရှင်များ၏ အလှူငွေများဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးတင်ကို ကိုဦးထံမှ သိရသည်။

“ကျောက်တိုင်လုပ်တယ်ဆိုတာ သမိုင်းကို သိစေချင်လို့ လုပ်တာ။ ကမ်းနားလမ်းမှာတော့ မလုပ်စေချင်ဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့စည်း(မြိတ်)မှ ဦးအောင် နိုင်ဦးက ပြောပြသည်။

အဆိုပါ ရှစ်လေးလုံးအထိမ်းအမှတ် ကျောက်တိုင်သည် အောက်ခြေဖိနပ်တုံး အကျယ် ၆ ပေနှင့် အမြင့် ၁၂ ပေရှိ မည်ဖြစ်ပြီး မြေနေရာခွင့်ပြုချက်ရပါက ကော်မတီဖွဲ့ပြီးနှစ်လအတွင်း စတင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။