မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျ

0
438

ကော့သောင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေပြည်စိုးရပ်ကွက်၊ ၄ မိုင်အနီးရှိ ကော့သောင်း-ဘုတ်ပြင်းပြည်ထောင်စု လမ်းမကြီးနဘေးတွင် ပြိုကျခြင်းဖြစ်ပြီး ဇိနဗုဒ္ဓဘုန်းကြီးကျောင်းသိမ်၏ အောက် တည့်တည့်မှစပြိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေရာသည် တောင်စောင်း အား မြေတူးထားသည့်နေရာဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ဒီနေရာအနီးမှာမြေမတူးဖို့နဲ့ အဆောက်အအုံမဆောက်ဖို့ လမ်းဦးစီး ကရောစည်ပင်ကော်မတီကပါ စာထုတ် တားမြစ်ထားတာ တစ်နှစ်ကျော်ပြီ၊ အန္တရာယ်ရှိပြီး လမ်းဧရိယာထဲရောက်နေ လို့ပါ” ဟုလမ်းဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၂ (မြို့ပြ)ဒေါ်သီသီဝင်း ကရှင်းပြသည်။

မြေပြိုကျမှုကြောင့် ယာဉ်ကြောများ ခေတ္တပိတ်သွားခဲ့ကာ ၁ နာရီကျော်ခန့်လမ်းရှင်းခဲ့ရကြောင်း သိရသည်။
တောင်စောင်းတွင် တင်နေသည့် သိမ်ကျောင်းအားဖြိုချ၍ နေရာပြောင်း ရွှေ့အသစ်ပြန်ဆောက်ရန် ကျောင်းထိုင် ဆရာတော်ကြီးထံ လျှောက်ထားခဲ့ပြီး လိုအပ်သည့်အလှူငွေများလည်း ပံ့ပိုး လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြော သည်။