ကျောင်းသားအကြွေးဆပ်ရေး

0
464

ဦးနေဝင်းက စစ်အာဏာသိမ်းပြီး လေးလအကြာ အာဏာရှင်ကိုဆန့်ကျင် တော်လှန်သော ကျောင်းသားထုကို ဇူလိုင် ၇ ရက်နေ့တွင် သွေးမြေကျနှိမ်နင်းခဲ့သည်။ ယင်းနောက် နောက်တစ်ရက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖြိုချခဲ့သည်။
ယင်းအဖြစ်သည် ရာစုနှစ်ဝက်ရှိပြီဖြစ်သော်လည်း မျိုးဆက်ပေါင်းများစွာသော တက္ကသိုလ်ကျောင်းသားထုရင်တွင်းတွင် ဒဏ်ရာအဖြစ် ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားထုသည် ခေတ်အဆက်ဆက်ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး၊ မဆလစစ်အာဏာရှင်ဆန့်ကျင်ရေး၊နအဖစစ်အာဏာရှင်ဆန့်ကျင်ရေးတို့တွင် စဉ်ဆက်မပြတ်ဦးဆောင်ပါဝင်ခဲ့သူ များဖြစ်သည်။ ခေတ်အဆက်ဆက်က ပေးသောဝန်ကို ထမ်းခဲ့သူများဖြစ်သည်။

ယင်းသည် ခေတ်အဆက်ဆက် မြန်မာ့လွတ်မြောက်ရေးခရီးတစ်လျှောက် တင်နေသော အကြွေး ဖြစ်သည်။
ယခု ပြည်သူ့အရွေးချယ်ခံ ဒီမိုကရေစီအစိုးရလက်ထက်တွင် ထိုအကြွေးဆပ် နိုင်ရေး စတင်ပြင်ဆင်သင့်နေပြီ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အငြင်းပွားဖွယ်ရာအဆောက်အအုံ ပြန် လည် ဆောက်လုပ်ခြင်းအပြင်၊ တက္ကသိုလ်ကျောင်းအချို့တွင် ကျောင်းသားသမဂ္ဂ အတွက် ရုံးခန်းများ စီစဉ်ပေးလျက်ရှိသည်။

ထိုသို့သော အဆောက်အအုံ၊ ရုံးခန်းများနည်းတူ အရေးကြီးသောကိစ္စတစ် ခုမှာ တက္ကသိုလ်ကျောင်းသားများ နိုင်ငံတကာအဆင့်မီ ပညာရေးရရှိရေး ဖြစ် သည်။
တက္ကသိုလ်ကျောင်းသားများ ဒီမိုကရေစီခေတ်နှင့်လျော်ညီရင်ပေါင်တန်း နိုင်သော ပညာရေးမပေးစွမ်းနိုင်သေးသရွှေ့ ကျောင်းသားထုအပေါ် ခေတ်အဆက် ဆက်တင်နေသည့် အကြွေးမကြေပါကြောင်း အလေးပေးဖော်ပြလိုပါသည်။