တိုင်းအစိုးရအစီရင်ခံစာ တိုင်းလွှတ်တော်သို့လည်း တင်ပြပါ

0
384

တိုင်းအစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသော အစီရင် ခံစာများ တိုင်းလွှတ်တော်သို့လည်း တင်ပြရန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ပြောကြားခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့ တိုင်းလွှတ် တော်အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသော မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်း ပြေကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရသို့ ၃ လတာ၊ ၆ လတာ စသဖြင့် ပေးပို့သည့်အစီရင်ခံစာများအား တိုင်း လွှတ်တော်သို့ မပေးပို့ခဲ့သဖြင့် တိုင်း လွှတ်တော်၏ တာဝန်ဖြစ်သော အစိုးရ အဖွဲ့အား စောင့်ကြည့် ထိန်းညှိမှုပြုလုပ် ရန် ခက်ခဲခဲ့ရကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ဝန်ကြီးချုပ်မှ တစ်နှစ်တာမိန့်ခွန်းအား လွှတ်တော်၌ လာရောက်ဖတ်ကြားပြီး တစ်နှစ်တာ အနှစ်ချုပ် လုပ်ဆောင်မှုကို စာအုပ်ထူဖြင့် ပေးပို့ခဲ့သဖြင့် အချိန်နှင့်တစ်ပြေးညီ အထိန်းအထေ ပြုလုပ်ရန် နှောင့်နှေး ခဲ့ရကြောင်း ဦးခင်မောင်အေးက ပြော သည်။

“အစိုးရအဖွဲ့က ဥပဒေနဲ့အညီပဲ ဆောင်ရွက်နေလား မနေလား လွှတ် တော်က စောင့်ကြည့်ထိန်းညှိရဖို့ဟာ ရှိ တယ်။ နောက်တစ်ခုက အစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေက ပြည်သူတွေ အတွက် ဘယ်လိုရှိလဲဆိုတာကိုလည်း သိရဖို့ လိုတယ်။ အချိန်မီ ပြောစေ ချင်တယ်” ဟု ဦးခင်မောင်အေးက ပြော သည်။

တိုင်းဒေသကြီး(သို့မဟုတ်)ပြည် နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၄၂(ခ)တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရသည် မိမိနယ်မြေ၏ ဒေသအခြေ အနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် အစီ ရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်သို့တင်ပြရမည်ဟု အတိ အလင်းပါရှိကြောင်း၎င်းက ထောက်ပြ သည်။