သမဝါယမအသင်းသားများကို ချေးငွေထုတ်ချေး

0
420

တစ်နှစ် နှစ်ကြိမ်ထုတ်ချေးနေကျ အသေးစားရင်းနှီးမြှုပ်နှံမူ ပံ့ပိုးချေးငွေကို ယမဝါယမအသင်းသားများအား ဇူလိုင် လ ၄ ရက်နေ့မှ စတင်ထုတ်ချေးနေပြီ ဖြစ်ကြောင်း တိုင်းသမဝါယမဦးစီးဌာန ရုံးထံမှ သိရသည်။
အသင်းဝင်တစ်ဦးကို တစ်လ အတိုးနှုန်း ၁ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံးကျပ် ၅ သိန်း အထိ ထုတ်ချေးမည်ဖြစ်ပြီး ၆ လ အကြာတွင် အတိုးအရင်းပေါင်း ပြန်ဆပ်ရမည်ဖြစ် ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။

“ဘဏ်အတိုးထက်တော့ နည်း နည်းများတယ်” ဟု တိုင်းသမဝါယမ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးတင့် ကပြောသည်။
သမဝါယမအသင်းသား တောင်သူ လယ်သမားများသည် ပြင်ပမှ အတိုးကြီး ပေးကာ ငွေချေးရမှု လျော့နည်းစေရန်၊ ငွေစုဆောင်းတတ်သည့်အလေ့အထ ရှိလာစေရန်နှင့် စုဆောင်းငွေမှ အတိုးရ ရှိခံစားနိုင်စေရန် ရည်ရွယ် ထုတ်ချေး ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းတွင်ရှိသည့် သမဝါ ယမ အသင်းသားပေါင်း လေးသောင်း ကျော်အနက်မှ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး၊ ရေလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း သုံးသောင်းကျော်ကို ထုတ်ပေးမည်ဖြစ် ကြောင်း ယင်းဌာနထံမှ သိရသည်။