ထားဝယ်ကမ်းနားလမ်းကိစ္စ အစိုးရအဖွဲ့တွင် ဆွေးနွေးမည်

0
365

ထားဝယ်မြို့ ကမ်းနားလမ်းရှိ ဆိပ်ကမ်းပိုင်မြေပေါ်တွင် ယာယီမြေ ငှားရမ်းကာ သဲကျောက် လုပ်ငန်းနှင့် အခြား လုပ်ငန်း လုပ်ကိုင်နေသူများကို ဖယ်ရှားခိုင်းသည့်ကိစ္စကို လာမည့် အစိုးရ အဖွဲ့အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်သွားရန်ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရ သည်။
ကမ်းနားလမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စီမံခွင့်ရှိသည့် မြေပေါ်တွင် ယာယီငှားရမ်းလုပ်ကိုင်နေသည့် သဲကျောက် လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းရှင် ၄၄ ဦးကို ဇွန်လ ၁၅ ရက်နေ့ နောက် ဆုံးထား ဖယ်ရှားပေးရန် တတိယအကြိမ် မြောက် အသိပေးစာ ပေးပို့ထားသည်။

အဆိုပါ လုပ်ငန်းရှင်များက ဖယ် ရှားပေးရမည့် အချိန်ကို လာမည့် ပွင့် လင်းရာသီအထိ ရွှေ့ဆိုင်းပေးရန် ပြီးခဲ့ သည့် ဇွန်လ ၂ ရက်နေ့က တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသနားခံစာ တင်ထားခဲ့ ကြသည်။
ယင်းစာတင်ထားသည့်အပေါ် အခြေခံကာလာမည့်အစိုးရအဖွဲ့ အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။

“စာတင်ထားတဲ့ အပေါ်မှာ အခြေ ခံပြီး ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရ တယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြော သည်။
ကမ်းနားလမ်း အပါအဝင် နေရာ ၃ ခုကို မြို့ပြစီမံကိန်းအတွက် ဆောက် လုပ်ရေးဝန်ကြီးဌာနမှကျွမ်းကျင် ပညာ ရှင်များပါသည့် အဖွဲ့ကို မြို့ပြစီမံကိန်း ရေးဆွဲခိုင်းထားပြီး ဝန်ကြီးဌာနက အတည် ပြုပြီးပါက သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ကမ်းနားလမ်း၊ မောင်းမ ကန် တပ်သိမ်းပြီး ပြန်စွန့်လွှတ်ထားသည့် မြေနှင့် ပလမြို့တို့ အတွက် မြို့ပြ စီမံကိန်း ရေးဆွဲခိုင်းထားခြင်းဖြစ်သည်။
ထားဝယ် ကမ်းနားလမ်းတစ် လျှောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင် ရုံးမှ မြောင်းပုလဲတံတားအထိ မြေနေရာ ကို လုပ်ငန်းရှင်များအား ယာယီမြေငှား ရမ်းထားသည်။