မောတောင်နယ်စပ်မှ မြန်မာရွှေ့ ပြောင်းလုပ်သား တစ်ရက် ၂၀၀ ကျော်ပြန်

0
409

မြန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ် သည့် မောတောင်နယ်စပ်မှ ရွှေ့ပြောင်း မြန်မာလုပ်သား တစ်ရက် ၂၀၀ ကျော် နေရပ်ပြန်လျက်ရှိကြောင်း မြန်မာရွှေ့ ပြောင်းအလုပ်သမားများ အားကူညီဖြေ ရှင်းရေးအဖွဲ့ ထံမှ သိရသည်။

နေရပ်ပြန် မြန်မာအလုပ်သမား များတွင် အမှန်တကယ် အခက်အခဲကြုံ နေသူများကို အကူညီများပေးနိုင်ရန် အတွက် မောတောင်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ယာယီ နေထိုင်နိုင်အောင် စီစဉ်ပေးထားကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။