ဆဲဗင်း ဂျူလိုင်နေ့အခမ်းအနား ပုလဲရတနာခန်းမတွင် ပထမဆုံးအကြိမ် ပြုလုပ်ခွင့်ရ

0
398

မြိတ်မြို့တွင် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ကမ်းနား လမ်းရှိ ပုလဲရတနာခန်းမတွင် ပထမဆုံး အကြိမ်ပြုလုပ်ခွင့် ရရှိခဲ့ကြောင်း မြိတ် ခရိုင်တက္ကသိုလ်များကျောင်းသား သမဂ္ဂမှ သိရသည်။
ပုလဲရတနာခန်းမသည် မြိတ်ကျက် သရေဆောင် ခန်းမတစ်ခုဖြစ်ပြီး ခေတ် အဆက်ဆက် အစိုးရနှင့် ဌာနဆိုင်ရာ အခမ်းအနားများကိုသာ ကျင်းပသည့် ခန်းမတစ်ခုဖြစ်သည်။

“ကျောင်းသားတွေရဲ့သမိုင်းမှာ ပထမဦးဆုံးအနေနဲ့ ဒီလိုအခမ်းအနားမျိုး လုပ်ခွင့်ရတော့ အရမ်းဝမ်းမြောက်ပါ တယ်” ဟု မြိတ် တက္ကသိုလ်ကျောင်းသား များသမဂ္ဂ ဥက္ကဋ္ဌကိုချမ်းမြေ့နိုင်က ပြော သည်။
ပြီးခဲ့သည့်နှစ်က အောက်မေ့ဖွယ် အခမ်းအနားကို ပေါ်တော်မူဘုရားတွင် ကတိသစ္စာပြုသည့် အခမ်းအနားသာလုပ် ခဲ့ပြီး ယခုနှစ်တွင် ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့ကြောင်းမြိတ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

အောက်မေ့ဖွယ် အခမ်းအနားတွင် ကျဆုံးလေပြီးသောကျောင်းသား၊ သူများအား အလေးပြုခြင်း၊ အမှတ်တရ စကားများပြောကြာခြင်း၊ ကဗျာရွတ် ဆိုခြင်းနှင့် အဖွဲ့လိုက်သီချင်းများသီဆို ခြင်းများ ပြုလုပ်ခဲ့ကြသည်။