မြန်မာရောက် ဂျပန်လုပ်ငန်းများ ထားဝယ်ကို စိတ်မဝင်စားဟုဆို

0
407

ထားဝယ်စီမံကိန်း စတင်နိုင်ရန် ကြိုးပမ်းနေသည်ဟု မြန်မာအစိုးရဘက်မှ ပြောဆိုနေသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသော ဂျပန်စီးပွား ရေးလုပ်ငန်းများမှာထားဝယ်ကို စိတ်မဝင်စားလှကြောင်း ပြောဆိုလိုက် သည်။
ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ် သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာရှိ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နာကာ ဂါဝါက ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန်ဆိုင် ရာ မြန်မာအစိုးရ တာဝန်ရှိသူများက ဂျပန်တို့ ထားဝယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း မကြာခဏ ပြောဆို နေချိန်တွင် နာကာဂါဝါက ထိုသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
“(ထားဝယ်ကို စိတ်ဝင်စားတယ်လို့ ပြောနေတဲ့) အဲဒီ ကုမ္ပဏီတွေက ဘန် ကောက်မှာ လုပ်နေသူတွေပါ” ဟု ၎င်း က ပြောသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ပူးတွဲ လုပ်ကိုင်ရန်စီစဉ်နေသည့် ထားဝယ် စီမံကိန်းတွင် ဂျပန်ပါဝင်လာရန် အကြိမ် ကြိမ်ကြိုးပမ်းနေပြီး ဂျပန်က ရင်းနှီးမြှုပ် နှံလာမည့် ကိစ္စကို တရားဝင်ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် လက်ရှိ အကောင် အထည်ဖော်ရန် ကြိုးပမ်းနေသော အထူး စီးပွားရေးဇုန်သုံးခုဖြစ်သော ကျောက်ဖြူ၊ သီလဝါနှင့် ထားဝယ်တို့တွင် သီလဝါ စက်မှုဇုန်တွင်ဂျပန်တို့များစွာ ရင်းနှီးမြှုပ် နှံထားသည်။

ထိုင်းနယ်စပ်မှ စက်မှုဇုန်သို့ လမ်း ဖောက်လုပ်ရေး မြန်မာအစိုးရဘက်မှ ထိုင်းတွင် ဘတ် သန်း ၄၅၀၀ ချေးရန် စဉ်းစားနေပြီး လွှတ်တော်က သုံးလ အတွင်း ဆုံးဖြတ်ဖွယ်ရှိကြောင်း မြန်မာ နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဦးသန်းမြင့်ကို ကိုးကား ၍ ဘန်ကောက်ပို့စ်သတင်း တစ် ရပ်တွင် ဖော်ပြထားသည်။