ဝင်ငွေခွန် အများဆုံးဆောင်သူစာရင်း ငါးလုပ်ငန်းရှင်အများစုပါဝင်

0
383

တနင်္သာရီတိုင်း ပြည်တွင်း အခွန် များဦးစီးဌာနတွင် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူများစာရင်းတွင် ငါးလုပ် ငန်းရှင်အများစုပါဝင် လျှက်ရှိသည်။
၂၀၁၆-၂၀၁၇ စည်းကြပ်နှစ် အ တွက် တနင်္သာရီတိုင်းဒေသကြီး ပြည် တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန် သည့် တိုင်းအတွင်း ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင် ၅၀ ဦးစာရင်းတွင် ငါးလုပ်ငန်းရှင် ၃၅ ဦး အထိ ပါဝင်လျှက် ရှိသည်။

ဒုတိယအများဆုံး အခွန်ထမ်း ဆောင်သူများမှာ ပို့ကုန်/သွင်းကုန် လုပ် ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများဖြစ်ပြီး ပို့ကုန်/သွင်းကုန် ကုမ္ပဏီ ၁၀ ခုပါဝင် လျှက်ရှိသည်။
ဝင်ငွေခွန်အများဆုံး ထမ်းဆောင် သူမှာ ကော့သောင်းမြို့အခြေစိုက် Super Force Tradingကုမ္ပဏီဖြစ်ပြီး ကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ထမ်း ဆောင်ထားကြောင်း သိရသည်။

ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် မည် သည့်လုပ်ငန်းရှင်က အခွန်မည်မျှ ထမ်း ဆောင်ထားကြသည်ကို သိရှိနိုင်ရန် ယင်းကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူးက ဆိုသည်။
“လူတွေကို ဘယ်သူတွေက အခွန် ဘယ်လောက်ဆောင်ထားတယ်ဆိုတာ သိသွားအောင်ပါ”ဟု တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ရဲထွန်းက ပြောသည်။
ဝင်ငွေခွန်အများဆုံးထမ်းဆောင်သူစာရင်းကို ထုတ်ပြန်ပြီး လာမည့် အပတ်တွင်ကုန်သွယ်ခွန် အများဆုံးထမ်း ဆောင်သည့် လုပ်ငန်းရှင် ၅၀ ဦးစာရင်း ကို ထုတ်ပြန်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီး ဌာနထံမှ သိရသည်။