သက်တမ်းလွန်နှင့် စားသုံးရန် မသင့်သည့်မုန့် ကျောင်းများတွင် စစ်ဆေးမည်

0
406

ကော့သောင်းတွင် စားသုံးရန်မသင့် သည့်မုန့်များနှင့်သက်တမ်းလွန် စား သောက်ကုန်ပစ္စည်းများအား ကျောင်း များတွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေး ဦးစီးဌာနထံမှသိရသည်။
ကော့သောင်းမြို့ ဘုရင့်နောင်ဈေး နှင့် လေဟာပြင်ဈေးကြီးတို့တွင် ဧပြီလ က စတင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယခု ကျောင်းဖွင့် ရာသီအစတွင် စာသင် ကျောင်းများသို့ အသိပညာပေးရန် ကွင်း ဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

“အထက ၁ တစ်ကျောင်းပဲ စစစ် ဆေးရသေးတယ်။ အဓိကဆိုးဆေးပါ တဲ့မုန့်တွေနဲ့ ဆေးဝါးထောက်ခံချက် မပါဘဲ တင်သွင်း ထားတဲ့ယိုးဒယားမုန့် တွေ၊ ရက်လွန်မုန့်တွေစစ်ဆေးတာပါ” ဟု ခရိုင်အစားသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာပြည့်ဖြိုးကပြောသည်
ဇူလိုင်လ ၅ ရက်နေ့က အ.ထ.က (၁) ကော့သောင်းတွင် စစ်ဆေးခဲ့ရာတွင် တရုတ်စာဖြင့် ရေးထားသည့် မုန့်နှစ်မျိုး တွေ့ခဲ့ရသဖြင့်ယင်းမုန့်များကို မရောင်း ချရန် အသိပေးခဲ့သည်ဟု ၎င်းက ပြော သည်။

ကျောင်းမုန့်ဆိုင်များကို စစ်ဆေး ရာတွင် သက်တမ်းလွန်နှင့် စားသုံးရန် မသင့်သည့် မုန့်များတွေ့ပါက ပထမ အကြိမ်တွင် အသိပညာပေးသည့်ပုံစံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး နောက်ထပ်တစ် ကြိမ်တွေ့ရှိမည်ဆိုပါက အရေးယူမည် ဖြစ်ကြောင်း ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှသိရ သည်။
ရောင်းခွင့်ရှိသည့်မုန့်များနှင့် ရောင်းခွင့်မရှိသည့်မုန့်များကို ကွဲကွဲပြား ပြား မသိရှိရဘဲ လာစစ်ချိန်မှသာ သိရ လေ့ရှိသည်ဟု ကျောင်းဈေးဆိုင်ရောင်း ချနေသူများက ပြောသည်။

“ဈေးကြီးထဲမှာပဲ နေ့တိုင်းကုန်ရင် ဝယ်တာမို့ ဒီဆိုင်ကြီးတွေက ရောင်းလို့ရ တယ်ဆိုရင်ဝယ်ရောင်းတာပဲ။ တင် ရောင်းမရတဲ့မုန့်က ဘာတွေလဲဆိုတာ ကြိုသိရင်တော့ ပိုကောင်းတာပေါ့” ဟု ကော့သောင်းမြို့ပေါ် အ.ထ.က ခွဲ ကျောင်း တစ်ကျောင်းတွင် မုန့်ရောင်းနေသူ တစ်ဦးက ဆိုသည်။
ကျောင်းဖွင့် ရာသီမစခင်ကတည်း က ကျောင်းမုန့် ဈေးဆိုင်များအား စနစ် တကျ ဖြစ်စေရန် ကျောင်းအုပ်များအားစစ် ဆေးပေးရန် ညွှန်ကြားထားကြောင်း ကော့သောင်းမြို့နယ် ပညာရေးမှူးရုံး ထံမှ သိရသည်။