သရက်ချောင်းနှင့် လောင်းလုံးတွင် တက္ကသိုလ်ဝင်တန်းပညာသင်ဆု ထောက်ပံ့မည်

0
378

လောင်းလုံးမြို့နယ်နှင့် သရက် ချောင်းမြို့နယ်တို့တွင် တက္ကသိုလ်ဝင် တန်းတက်ရောက်မည့် ချို့တဲ့ ကျောင်း သား၊ ကျောင်းသူများကို ပညာသင် ထောက်ပံ့ကြေး ပေးမည် ဖြစ်ကြောင်းEducation Support Group ထံမှ သိရသည်။

အထက်တန်းကျောင်း တစ်ကျောင်း တွင် ကျောင်းသားသုံးဦး လျှောက်ထား နိုင်ပြီး ယင်းသုံးဦးထဲမှ တစ်ဦးကို ရွေး ချယ်ကာ ပညာသင်ဆုအဖြစ် တစ်နှစ် ငွေကျပ်တစ်သိန်းငါးသောင်းနှင့် သင် ထောက်ကူပစ္စည်းများကို သုံးကြိမ်ခွဲ ပေးမည်ဖြစ်ကြောင်းEducation Support Group တည်ထောင်သူ ဒေါ်သန္တာစိုးက ပြောသည်။

“သုံးဦးထဲကကျန်နှစ်ဦးကိုတော့ သင်ထောက်ကူ ပစ္စည်းပဲပေးတယ်”ဟု ဒေါ်သန္တာစိုးက ပြောသည်။
ယခုပညာသင်နှစ်တွင် ကျောင်း ပေါင်း ၂၆ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၇၆ ဦးကိုထောက်ပံ့ပေးရန် ရည်ရွယ်ထားပြီး မြို့နယ်ပညာရေးမှူး များမှ တစ်ဆင့် အထက်တန်းကျောင်း များကို ပညာသင်ဆုလျှောက်လွှာများ ပေးပို့ထားကြောင်း ၎င်းကပြောသည်။

လျှောက်ထားလိုသည့် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် သက် ဆိုင်ရာကျောင်းအုပ်များမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
မိသားစု စီးပွားရေးအခြေအနေအရ ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများ ပညာ ရေးဆုံးခန်းတိုင်မှု လျော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

Education Support Group သည် ပြီးခဲ့သည့် ပညာသင်နှစ်မှစတင်၍ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ် လျက်ရှိပြီး နောက်ပိုင်းနှစ်များတွင်လည်း တစ်ခြားမြို့နယ်က ကျောင်းသားများကို ပါ ပေးနိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရ သည်။ À