ရှင်မော် ဘုရားလမ်း ယခုနှစ် ချဲ့ မည်

0
816

ဘုရားဖူးရာသီတွင် အသွားအလာ များ သော ကျောက်နီမော်-ရှင်မော်ဘုရား လမ်းပိုင်းကို ယခုဘဏ္ဍာရေးနှစ်တွင် လမ်းချဲ့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။

ကျောက်နီမော်မှ ရှင်မော်ဘုရား အထိ ၆ မိုင် ၇ ဖာလုံကို လမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာတင်ခြင်းများကို လုပ်ဆောင် မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရ သည်။
လမ်းပခုံးပါတည်ဆောက်ပါက ဒေသခံများ၏ခြံစည်းရိုးများပါနိုင် သဖြင့် လမ်းအကျယ် ၁၈ ပေ နှင့် ရေမြောင်းဖောက်ခြင်းကိုသာ လုပ်ဆောင် ရန်စီစဉ်ထားကြောင်း ထားဝယ်ခရိုင် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင် နီယာ ၂ ဦးဇော်ဝင်းနိုင်က ပြောသည်။

“လမ်းပခုံးမပါတော့ ခြံစည်းရိုး နည်းနည်းပါးပါးပဲပါတော့မယ်” ဟု ၎င်းက ပြောသည်။
အဆိုပါလမ်းကို ယခင်ဘဏ္ဍာ နှစ် ကတည်းကလုပ်ဆောင်ရန် စီစဉ်ခဲ့သော် လည်းဒေသခံအချို့က၎င်းတို့ ခြံနေအိမ် မျက်နှာစာများ ပါသွားနိုင်သောကြောင့် ကန့်ကွက်မှုများရှိခဲ့သဖြင့် ရပ်နားထားခဲ့ ရသည်။

သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေး မှူများနှင့်ဒေသခံများကို လွှတ်တော် ကိုယ်စားလှယ်၊ လမ်းဦးစီးဌာနတာဝန် ရှိသူများက ၂၀၁၆ နိုဝင်ဘာလတွင် သွားရောက်ညှိနှိုင်းခဲ့ရာ ပြေလည်ခဲ့ ကြောင်း ၎င်းက ဆိုသည်။
ယင်းလမ်းပိုင်းလမ်းချဲ့ရန် နှင့် ထပ်ပိုးလွှာတင်ရန် ကျပ်သန်း တစ်ရာ ကျော်လျာထားကြောင်း ထားဝယ်ခရိုင် လမ်းဦးစီး ဌာနထံမှ သိရသည်။