ထားဝယ်စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားခေါ်ယူ

0
766

သုံးနှစ်တက်ရောက်ရမည့် ထားဝယ် စိုက်ပျိုးရေးသိပ္ပံက ကျောင်းသားများ ခေါ်ယူလျက် ရှိသည်။
လျှောက်ထားသူသည် ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်အတွဲဖြင့် အောင်မြင် သူဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာပိတ် ချိန်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရမည် ဖြစ်သည်။

ဝန်ထမ်းဖြစ်ပါက စိုက်ပျိုးရေး အထက်တန်းအောင်မြင်သူ သို့မဟုတ် အခြေခံပညာအထက်တန်းကို ဓာတု ဗေဒ၊ ရူပဗေဒဘာသာတွဲဖြင့် အောင်မြင် သူဖြစ်ရမည်ဖြစ်ပြီး အသက် ၃၅ နှစ် ထက် မကြီးသူ ဖြစ်ရမည် ဖြစ်သည်။
သုံးနှစ်တက်ရောက်ပြီး ထူးချွန်ပါ က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် ရရှိမည်ဖြစ် သည်။

ဝင်ခွင့်လျှောက်လွှာများကို သက် ဆိုင်ရာ စိုက်ပျိုးရေးသိပ္ပံများတွင် ဝယ်ယူနိုင်သည်။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ရန် ကိုယ်လက်အင်္ဂါ ကျန်းမာသန် စွမ်းပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာဆရာဝန်၏ ထောက်ခံချက်၊ စာမေးပွဲအောင်မြင်ကြောင်းနှင့် မွေး သက္ကရာဇ်အတွက် နောက်ဆုံးပညာ သင် ကြားခဲ့သော ကျောင်းမှကျောင်းအုပ်ကြီး ၏ထောက်ခံချက် တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်၊ မိဘနှစ်ပါးနှင့် လျှောက် ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများ၊ အိမ်ထောင်စုဇယားမိတ္တူများ ပူးတွဲ လျှောက်ထားနိုင်သည်။

နောက်ဆုံး လျှောက်ထားရမည့် ရက်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၁ ရက် ဖြစ်သည်။