Mister of Myanmar 2017 လူရွေးပွဲ ကော့သောင်းတွင် ကျင်းပမည်

0
4549

Mister of Myanmar 2017 အတွက် တနင်္သာရီတိုင်း ကိုယ်စားပြု လူရွေးချယ်ပွဲကို ကော့သောင်းမြို့ရှိ Victoria Hotel ၌ ဇူလိုင် ၉ ရက် နေ့ညတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အဆိုပါရွေးချယ်ပွဲအတွက် ထားဝယ်၊ မြိတ်၊ တနင်္သာရီနှင့် ကော့သောင်း မြို့နယ်များမှ ဝါသနာရှင်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းတို့ထဲမှ တိုင်းကိုယ်စားပြုထပ်မံရွေး ထုတ်သွားမည်ဟုMister of Myanmar 2017 တိုင်းအဆင့် ရွေးချယ်ရေးအဖွဲ့မှသိရ သည်။

“ပြည်နယ်/တိုင်းအားလုံး သူ့နေ ရာနဲ့သူ ရွေးနေကြတယ်၊ တနင်္သာရီတိုင်း ကိုယ်စားပြုအတွက် ဇူလိုင် ၉ ရက် နေ့ညကျရင် ၁၅ ဦး ယှဉ်ပြိုင်ပြီး အဲဒီထဲကအနည်းဆုံး ၄ ဦး ရွေးချယ်ခံမှာဖြစ်တယ်” ဟုDivision Director ကိုသက်ပိုင်စိုးက ပြောသည်။

Mister of Myanmar 2017 ပွဲအား ဩဂုတ်လပထမအပတ်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအားလုံးမှကိုယ်စားပြုသူများ ထပ်မံယှဉ်ပြိုင်ကြမည် ဖြစ်သည်။