အီးမွှေးclean coal

0
467

ငယ်ငယ်က ယုံတမ်းစကားတွေ ထဲမှာ “အီးမွှေး”ဆိုတာပါပါတယ်။ ကိုယ်ကလည်း ငယ်သေးတော့ အဟုတ် ထင်တာပေါ့။ ဘယ်လိုအစားအစာတွေ စားရင် တော့ဖြင့် အီးမွှေးတွေပါမလဲလို့ အလေးအနက် တွေးကြည့်ဖူးတယ်။ ကြီး လာတော့ လောကသဘာဝတွေ သိလာ တော့မှ ဒါ နောက်တာပဲ ဆိုတာသိလာ တယ်။

ငါ့အီးက မင်းအီးလောက်မနံဘူး ပြောရင်ယုံနိုင်ပါတယ်။ ငါ့အီးက အီးမွှေး လို့ လာပြောရင်တော့ ဟာသလာပြော တယ် လို့ပဲ မှတ်ယူ လိုက်ရပါတယ်။
ခုတလောအီးကို ရေမွှေးဆွတ်ပြီး အီးမွှေးပါလို့ ရောင်းဖို့ကြိုးစားနေကြပါ တယ်။ ဗြိတိသျှလိုတော့ “Clean Coal” ဆိုလား ဘာလားပဲ။ နောက်နေတယ်ထင် ပြီး မပြောဘဲနေနေတာ လွန်ခဲ့တဲ့ လေးငါးရက်ကမှMyanmar Times မှာ သတင်းတစ်ပုဒ် ဖတ်ရတယ်။ NLD အစိုးရကClean Coal နဲ့ လျှပ်စစ်ဓာတ် အား ထုတ်တော့မယ်လို့ ကြားတော့မှ ဘုရားတ မိပါတယ်။

နောက်တာလည်း နောက်တာပေါ့။ ရယ်တဲ့သူလည်း ရယ်ကြတာပေါ့။ ယနေ့ ခေတ် နိုင်ငံရေးမှာ ဒါအဆန်း မဟုတ် ပါဘူး။ (အမေရိကန်လို နိုင်ငံမှာတောင် လူပြက်ကို သမ္မတတင်ထားသေးတာပဲ။ နောက်တာ၊ ပြောင်တာအဆန်း မဟုတ်ပါ ဘူး။) ဒါပေမယ့် သူတစ်ပါး ဒုက္ခရောက် တဲ့ အထိတော့ မနောက်သင့်ပါဘူးလေ။

မြန်မာနိုင်ငံရဲ့ အီးမွှေးသတင်းနဲ့ အပြိုင်တက်လာတဲ့ အမေရိကန် ပြည်ထောင်စု မစ္စစ္စပီက သတင်း တစ်ပုဒ် ဟာ ကျောက်မီးသွေးရဲ့ အီးမွှေးပြက်လုံး တစ်လုံးဟာ ဈေးဘယ်လောက်ထိ ကြီးနိုင်လဲဆိုတာ ထောက်ပြနေသလိုပဲ။
လွန်ခဲ့တဲ့ ၇နှစ်ကစခဲ့တဲ့ အီးမွှေး ပရောဂျက်တစ်ခုဟာ ဒေါ်လာသန်း ၇၅၀၀ ကျော် ကုန်ခဲ့ပြီး (နဂိုမှန်းထားတာ ထက် ဒေါ်လာ သန်း ၄၀၀၀ ကျော်ပိုပါ တယ်။) စရမယ့် အချိန်ကိုလည်း ငါး ခေါက်လောက်ရွေ့ဆိုင်းခဲ့ပြီးပါပြီ။ နောက်ဆုံးမှာတော့ သဘာဝ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ပေါင်းရှို့မယ့် gasifier က သဘာဝဓာတ်ငွေ့သက်သက်နဲ့ပဲ သွားရတော့မယ့် သဘောရောက်နေပါပြီ။ မစ္စစ္စပီ လျှပ်စစ်အာဏာပိုင်တွေကတော့ စိတ်မရှည်တော့ ပါဘူး။ ကျောက်မီးသွေး မပါဘဲသွားဖို့ အကြံပေးထားပြီးပါပြီ။

အဲဒီအကြောင်း သတင်းဖော်ပြချက် တွေကိုလည်း ရှုနိုင်ပါတယ်။
https://www.bloomberg.com/news/articles/2017-06-21/a-first-of-its-kind-clean-coal-plant-may-end-up-burning-no-coal

https://www.technologyrevi -ew.com/s/608191/clean-coals-flagship-project-has-failed/amp/

မြန်မာနိုင်ငံမှာလည်း အီးမွှေး ကြော် ငြာကတော်တော် ထိရောက်နေပါတယ်။ ဘယ်လောက်ထိအောင်လည်း ဆိုတော့ လျှပ်စစ်မီးလို့ ပြောလိုက်တာနဲ့ ကျောက် မီးသွေးလို့ လူတွေခေါင်းထဲ တန်းရောက် လာပါတယ်။ ကျောက်မီးသွေးဆန့်ကျင် ရင် လျှပ်စစ်မီးဆန့်ကျင်တာပဲလို့ ဖြစ် လာပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ Energy Mix (စွမ်းအင်အရင်းအမြစ် ခွဲဝေအသုံးပြုမှု) တွေ ထုတ်ပြပြီး ကြည့်ပါလား သူတို့တောင်အစိတ်သား (၂၅ ရာခိုင်နှုန်း) သုံးနေ သေးတာလို့ ပြောကြ ပါတယ်။ ဒါပေမဲ့ အဲဒီအစိတ်သား ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် တုန်းက ငါးဆယ် သားကနေ လျှော့ကျလာတာဖြစ်ပီး တနိုင်ငံလုံးကို ပေးနိုင်တဲ့ လျှပ်စစ်ပမာဏရှိတဲ့ ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံတွေ ဒီနှစ်ပိုင်း အတွင်းမှာပိတ်၊ တခြား စွမ်းအင်အရင်း အမြစ်တွေ ပြောင်းပစ်နေတာတော့ ထည့် မပြောကြပါဘူး။
အဓိကပြောချင်တာက သန့်စင် ကျောက်မီးသွေးလို့ ပြန်နိုင်မယ့်Clean Coal ပါ။ ကျွန်တော် ငယ်ငယ်က အီးမွှေး လို သူများတကာ နောက်နေတာကို အတည်ယူလိုက်မိမှာ စိုးလို့ပါ။

(စာရေးသူသည် အမေရိကန်ပြည် ထောင်စု ရှိ College of Woosterမှ ဓါတုဗေဒ အထူးပြုဖြင့် ကျောင်းပြီးခဲ့ သူဖြစ်ပြီး Bard College မှ ပတ်ဝန်း ကျင်ဆိုင်ရာ မူဝါဒ(Environmental Policy) ဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ ရရှိထားခဲ့သည်။ ၂၀၀၄ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာလုပ်ငန်းများကို အကြံပေး တစ်ဦးအနေဖြင့် လုပ်ဆောင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်တွင် မြေအသုံးချရေး ဥပဒေ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဘောဂဗေဒ (Environmental Economics) ဘာသာရပ်များကိုလည်း သင်ယူခဲ့သည်။)