မြိတ်ကားကွင်းအသစ် ဩဂုတ်လတွင် တရားဝင်ဖွင့်မည်

0
381

မြိတ်ကားကွင်းအသစ်ကို လာမည့် ဩဂုတ်လတွင် တရားဝင်ဖွင့်လှစ်မည် ဖြစ်ပြီး ယာဉ်လိုင်းများအားလုံး ကား ကွင်းအသစ်မှ ပြေးဆွဲရမည်ဖြစ်ကြောင်း မြိတ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ် ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ထံမှ သိရသည်။

လက်ရှိတွင် အဝေးပြေးခရီးသည် တင်ကားအများစုမှာ ကားဝင်းအသစ်မှ ထွက်ခွာလျက်ရှိပြီး ကားဝင်းအသစ်မှ မပြေးဆွဲသည့်ယာဉ်များကို ယခုလတွင် စည်းရုံးရေးကာလအနေဖြင့် ယာယီ ခွင့်ပြု ပေးထားမည်ဖြစ်ကြောင်း အထက် ပါကော်မတီထံမှ သိရသည်။